မော်လမြိုင် ကျောက်မီးသွေးရုံမီးပွိုင့်အနီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦးသေဆုံး

မော်လမြိုင် ကျောက်မီးသွေးရုံမီးပွိုင့်အနီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦးသေဆုံး

မော်လမြိုင် မောင်ငံရပ်ကွက် ကျောက်မီးသွေးရုံမီးပွိုင့်အနီးတွင် ယမန်နေ့ညပိုင်းအချိန်က စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦး ပွဲချင်းပီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဘီလူးကျွန်း-ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာသား ကိုမိုးဇော်ဦးနှင့် ကိုဇော်မင်းဦးတို့ (၂) ဦး ရွာသို့ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာစဉ် ယမန်နေ့ည ၈ နာရီအချိန်ခန့်က ကျောက်မီးသွေးရုံမီးပွိုင့်အနီး ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ပေါ်မှ လူမှုကယ်ဆယ်ရေးအသင်းဝင်တစ်ဦးက ပြောသည်။

“မီးပွိုင့်ထိပ်မှာ ဆိုင်ကယ်တွေကိုတားစစ်တာ ဆိုင်ကယ်က ရပ်မပေးလို့ သေနတ်နဲ့ပစ်ထည့်လိုက်တာလို့ ပြောကြတယ်၊ အလောင်းကို လမ်းမအလယ်မှာပစ်ထားတာ၊ ကျနော်တို့ ပရဟိတအဖွဲ့က သွားကောက်တာတောင် ကားကို အသံပိတ်၊ အပေါ်က မီးတန်းပဲဖွင့်ခိုင်းတယ်၊ ရင်ခွဲရုံကို ချက်ချင်းပို့လိုက်တယ်" ဟု ၎င်းကဆိုသည်။

သေဆုံးသူလူငယ် (၂) ၏ ကြွင်းကျန်ရုပ်အလောင်းကို အဘစ်ကျေးရွာသုသာန်၌ ယနေ့မွန်းလွဲပိုင်းအချိန်တွင် ကာယကံရှင်မိသားစုဝင်နှင့် ရွာသားများက မြှုပ်နှံသဂြိုလ်ခဲ့သည်။

သို့ရာတွင် လူ့အသက် ၂ ချောင်း ဆုံးရှုံးရသည်အထိ ဖြစ်ပေါ်ခဲ့ရသော ယခုဖြစ်စဉ်၏ အကြောင်းပြချက်များအား စစ်ကောင်စီဘက်မှ တစုံတရာထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

မော်လမြိုင်မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ကြောင်း၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ၈ ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ ၃၀၀ ကျော်ရှိကြောင်း သိရသည်။

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...