“ဒီနှစ် ဇွန်လမှာ ကျောင်းက ဖွင့်တော့မယ်။ ကျနော်တို့ ခုနှစ်တန်းအထိ အတန်းတိုးဖို့လည်း ရှိတယ်။ ဒါပေမယ့် ကျောင်းအ ဆောင် မလုံလောက်ဘူး။ ခုနှစ်တန်းထားရင် ယာယီတဲ စာသင်ဆောင်ပဲ တည်ဆောက်သွားရမယ်။ ဒီယာယီစာသင်ဆောင်ကို တော့ အလယ်တန်းတက်မယ့် ကလေးတွေကို ထားမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ပယ်ဝါထကျေးရွာတွင် ကျောင်းဆောင် မလုံလောက်၍ ဝါး၊ ဖက်မိုး၊ သစ်တို့ဖြင့် ရွာသားများ တည်ဆောက်သည့် ယာယီစာသင် ဆောင်ကို စာသင်ကြားလာခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ကာ ယခုနှစ်၌လည်း အလားတူ တည်ဆောက်ရမည်သာဖြစ်ပြီး ထိုသို့တည် ဆောက်ရာတွင် စာသင်နှစ် တစ်နှစ်တာအတွင်း သုံးကြိမ်မှ လေးကြိမ်အထိ ပြုပြင်ရသည်ဟု ကျေးရွာဒေသခံများက ဆိုသည်။
ကျောင်းအဆောင် လိုအပ်မှုအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ဘီးလင်းမြို့နယ် ကရင်ပညာရေး ဌာနသို့ တင်ပြထားကြောင်း၊ ကျောင်းဆောင်တည်ဆောက်သွားရန် လိုအပ်သည့် သစ်အချို့ကိုလည်း စုဆောင်းထားကြောင်းနှင့် လာမည့် စာသင်နှစ်အတွက် မဖြစ်မနေ တည်ဆောက်သွားနိုင်ရန် လိုအပ်ကြောင်းလည်း ပယ်ဝါထရွာ ကျောင်းကော်မတီများ၏ ပြောဆိုချက်အရ သိရသည်။
ပယ်ဝါထကျောင်းတည်ဆောက်ရန် ကျေးရွာရှိ ကျောင်းဆရာ၊ ကျောင်းကော်မတီနှင့် ဒေသခံများကို တွေ့ဆုံထားပြီး လိုအပ် သည့် သွပ်၊ အုတ်၊ ဘိလပ်မြေ၊ သဲဲ စသည်တို့ကို ပညာရေးအတွက် အကူအညီပေးနေသည့် Karen State Education Assis-tance Group (KSEAG)မှ ကူညီသွားမည်ဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် ပညာရေးတာဝန်ခံ စောဘဦးက ပြီးခဲ့သည့်နှစ် နိုဝင် ဘာလက ကေအိုင်စီသို့ ပြောဆိုထားသည်။
ယခုနွေရာသီအတွင်း ကျောင်းအဆောင် တည်ဆောက်သွားရန် မဖြစ်မြောက်ခဲ့သော်လည်း ကျေးရွာဖွံ့ဖြိုးရေး လိုအပ်မှုအတွက် လိုက်လံဆောင်ရွက်ပေးနေသည့် လူထုဗဟိုပြု စီမံကိန်းအဖွဲ့မှ ပယ်ဝါထကျောင်းဝင်းတွင် တစ်ခန်းပါ အဆောင်တစ်ခုကို တည် ဆောက်ပေးခဲ့သည်ဟု ပယ်ဝါထကျောင်းအုပ် စောကျော်ထွန်းက ဆိုသည်။
ပယ်ဝါထ ကိုယ်ထူကိုယ်ထကျောင်း၌ ပြီးခဲ့သည့် ၂၀၁၆-၁၇ပညာသင်နှစ်အတွင်း စေတနာ့ဝန်ထမ်း ကျောင်းဆရာ၊ဆရာမ ၉ဦး က သူငယ်တန်းမှ ဆဋ္ဌမတန်းအထိရှိ ကျောင်းသားကျောင်းသူ ၁၆၀ကျော်ကို စာသင်ကြားပေးခဲ့သည်။
ပယ်ဝါထကျေးရွာတွင် ၁၉၉၀ခုနှစ်ခန့်က စာသင်ကျောင်း မရှိသည့်အတွက် ကလေးများကို ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ စာသင်ပေးခဲ့ရပြီး ကေအဲန်ယူနှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်အဖြစ် ပြောင်းရွှေ့ခံရဖူး သည့် ကျေးရွာတစ်ရွာ ဖြစ်သည်။







