မော်လမြိုင်ဆေးရုံကြီးတွင် တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၂ ဦး သေဆုံး

မော်လမြိုင်ဆေးရုံကြီးတွင် တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၂ ဦး သေဆုံး

မော်လမြိုင်ဆေးရုံကြီး၌ ဆေးကုသခံယူလျက်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး ယနေ့တစ်ရက်ထည်းတွင် သေဆုံးခဲ့ကြောင်း ကိုဗစ်ကာကွယ်ရေးဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးပရဟိတအဖွဲ့များမှ သိရသည်။

မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသခံယူနေသော လှိုင်ရပ်ကွက် အုတ်ဖိုလမ်းနေ အသက် ၆၁ နှစ်အရွယ်ရှိသည့် အမျိုးသားတစ်ဦးနှင့် မွန်းလွဲပိုင်းတွင် ဒိုင်းဝန်းကွင်း လမ်းသစ်ရပ်မှ အသက် ၇၆ နှစ်အရွယ်ရှိသည့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

လူမှုကယ်ဆယ်ရေးအသင်းမှ ကိုဇင်မိုးက “မနက်ပိုင်းက သေဆုံးတဲ့လူနာရဲ့ သမီးဖြစ်သူ လူနာစောင့်က ပိုးတွေ့တော့ ဆေးရုံမှာ ဆေးကုသမှုဆက်လက်ခံယူနေတယ်၊ မွန်းလွဲပိုင်း သေဆုံးတဲ့လူနာကိုတော့ ဆက်လက်စစ်ဆေးနေဆဲ သဂြိုလ်တဲ့အခါမှာလည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျွန်တော်တို့အဖွဲ့ကပဲ လုပ်ဆောင်ပေးတယ်” ဟု ဆိုသည်။

ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်အထိ မွန်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုး အတည်ပြုလူနာ ၃ ဦး ဆက်တိုက်သေဆုံးခဲ့ပြီး လူနာတိုးမြင့်လာသည်နှင့်အမျှ ကိုဗစ်ကာကွယ်ကုသရေးလုပ်ဆောင်နေသည့် ကျန်းမာရေးအင်အား မလုံလောက်မှုများလည်း ဖြစ်လာနိုင်ကြောင်း ၎င်းကပြောသည်။

ထို့အပြင် ဇွန်လ ၁၃ ရက်နေ့တွင် သံဖြူဇရပ်မြို့ ကြံခိုင်ရေးရပ်ကွက်မှ အမျိုးသမီးနှစ်ဦး အနံ့ပျောက်စစ်ဆေးရာမှ ကိုဗစ်ပိုးတွေ့ရှိရသဖြင့် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာပေါင်း ၁၄ ဦးရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာနေဖြင့် ၂၀၂၁ ခုနှစ် ဇွန်လ ၁၃ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၃၂၄၄ ဦးရှိပြီးဖြစ်ကြောင်း ကျန်းမားရေးဌာနက ထုတ်ပြန်ထားသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...