တိုင်းရင်းသားလက်နက်ကိုင်တချို့ စစ်သင်တန်းနှင့် ဖောက်ကွဲရေးသင်တန်းများပေးနေဟု စစ်ကောင်စီပြော

တိုင်းရင်းသားလက်နက်ကိုင်တချို့ စစ်သင်တန်းနှင့် ဖောက်ကွဲရေးသင်တန်းများပေးနေဟု စစ်ကောင်စီပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့သည် နိုင်ငံသားတချို့ကို ဖောက်ခွဲရေးသင်တန်းနှင့် စစ်သင်တန်းများကိုပေးနေသည်ဟု ဇွန်လ ၁၂ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ဖြစ်သည်ဟု ၎င်းကပြောသည်။

“ထောက်ကြန့်မှာ KIA ဆီကနေ အခြေခံစစ်သင်တန်းနဲ့ ဖောက်ခွဲရေးသင်တန်းတက်ပြီး ပြန်လာတဲ့သူ ၂ ဦးကို ဇွန်လ ၅ ရက်တုန်းက ဖမ်းမိပါတယ်။ ဖမ်းမိတဲ့လူတွေပြောပြချက်အရ KIA တပ်မဟာ ၃ ကဖွင့်ထားတဲ့ စစ်သင်တန်းစခန်းကိုရောက်ပြီးတော့ တခြား လူ ၁၄၀ ကျော်နဲ့အတူတူ သင်တန်းတက်ခဲ့တယ်လို့ ပြောပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးက စစ်သင်တန်းပေးနေသည်ဟုမပြောလိုပဲ တချို့လက်နက်ကိုင်တပ်ဖွဲ့များသည် တပ်မဟာ သို့မဟုတ် တပ်ရင်းအဆင့်တချို့က အကြမ်းဖက်အားပေးသည့် လုပ်ရပ်များကို လုပ်ဆောင်နေသည်ဟု အသိပေးပြောဆိုသွားသည်။

KNPP ၏ စစ်သင်တန်းကနေပြန်လာသည့် လူငယ် (၇၀) ဦး ဖမ်းမိခဲ့သည်ဟု ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က သတင်းထွက်ပေါ်ခဲ့သော်လည်း မိမိတို့တပ်ဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဖမ်းဆီးခံရတဲ့ လူငယ် (၇၀) ဝန်းကျင်နဲ့ပတ်သက်ပြီး (KNPP) ရဲ့ အတွင်းရေးမှူး-၂ ခူးဒယ်နီရယ်က Kantarawaddy Times နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

"လက်မှတ်ပေးဘာညာကတော့ ကျတော်မသိဘူး သို့သော် ခုနပြောတဲ့ သင်တန်းတွေကတော့ KNPP က ပေးပြီဆိုရင်တော့ ပြန်လာစရာအကြောင်းမရှိဘူး။ ဒါကတော့ ခွဲခြားသိစေချင်တယ်။ ဥပမာ - KNPP ကနေ ပေးတဲ့သင်တန်းဆိုရင် KNPP အောက်က ရဲဘော်ပေါ့လေ ကရင်နီတပ်မတော်ဖြစ်မှာပဲဆိုတော့ ပြန်လွှတ်စရာအကြောင်းမရှိဘူး။ ဟိုရက်ကဖြစ်တဲ့ဟာမျိုးဆိုရင် ခုန ကျတော်ပြောသလို အဖွဲ့အစည်းပေါင်းစုံကနေ ကိုယ်စားပြု ပြည်နယ်ကိုယ်စားပြုဖွဲ့ထားတဲ့ ကော်မတီအဖွဲ့ကနေပဲ ကြီးမှူကျင်းပတာဖြစ်တယ် အဲဒါတော့ နည်းနည်းခွဲခြားမြင်ဖို့တော့ လိုတယ်ပေါ့နော။ ကျတော်တို့ ကေအဲန်ပီပီကနေ တိုက်ရိုက်ပေးတဲ့ သင်တန်းမျိုးဆိုရင် ဒါက ကရင်နီတပ်မတော်ဖြစ်မှာပဲပေါ့။ ဆိုတော့ ပြန်လွှတ်ရာအကြောင်းမရှိဘူး သူတို့ကို ပရမ်းပတာ ပြန်လွှတ်လို့လည်းမရဘူး” ဟု (KNPP) ရဲ့ အတွင်းရေးမှူး-၂ ခူးဒယ်နီရယ်က ပြောသည်။

ထို့အပြင် KNU ကနေ ဖောက်ခွဲရေးသင်တန်းတက်ရောက်ပြီး ပြန်လာသူ ၃ ဦးကို ဇွန်လ ၈ ရက်နေ့က ရန်ကင်းမြို့နယ်ထဲတွင် ဖမ်းမိခဲ့ရာ ဖမ်းဆီးခံရသူများ၏ ပြောပြချက်အရ ကျောက်ကြီး-မုန်း-ဇရပ်ကြီးတွင်ရှိသည့် KNU က ဖွင့်လှစ်ထားသည့် ဖောက်ခွဲရေးသင်တန်းကို တက်ရောက်ခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ၂၀၂၁ ခုနှစ် မေလ (၅) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းလိုက်ကြောင့် ကြေညာခဲ့သည်။

 
 

 

 

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...