အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ မဟာမိတ်သဘောတူညီချက် လက်မှတ်ထိုး

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ မဟာမိတ်သဘောတူညီချက် လက်မှတ်ထိုး

အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ နှစ်ဖက်သဘောတူညီ လက်မှတ်ရေးထိုးလိုက်ကြောင်း NUG က ထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်ဦး CNF သည် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုကာ နှစ်ဖက်သဘောတူညီချက်များကို ပထမဆုံး လက်မှတ်ရေးထိုးလိုက်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်လာသည်။

အဆိုပါ နှစ်ဦးနှစ်ဖက် သဘောတူညီချက်များကို မေလ ၂၉ ရက်နေ့ (ယနေ့) တွင် ပြုလုပ်သည့် အွန်လိုင်းဆွေးနွေးမှုများမှတစ်ဆင့် လက်မှတ် ရေးထိုးခဲ့ကြပြီး ဆွေးနွေးမှုများမှရရှိခဲ့သည့် သဘောတူညီချက်များနှင့်ပတ်သက်၍ NUG က ယခုကဲ့သို့ ထုတ်ပြန်ထားသည်။

“အဆိုပါ သဘောတူညီချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဖြင့် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခြားအရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုကိစ္စများ ပါဝင်သည်” ဟု NUG ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

အဆိုပါ သဘောတူညီချက်များကို ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ နိုင်ငံတော် ဒု-သမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးများ တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်ဟု NUG က ဆိုသည်။

ထို့အပြင် ချင်းအမျိုးသားတပ်ဦး CNF မှ ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ဒု-ဥက္ကဋ္ဌများနှင့်အတူ အထွေထွေအတွင်းရေးမှူးများမှ တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြသည်ဟု NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...
April 20, 2026
ကော်သူးလေ အတိုင်ပင်ခံ ကောင် စီနှင့် အုပ်ချုပ်ရေးကောင်စီတို့သည် နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား...
April 11, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် QR စနစ်ဖြင့် စက်သုံးဆီရောင်းချမှု တစ်ပတ်နီးပါးကြာမြင့်လာပြီ...