အိန္ဒိယနိုင်ငံကို ကုန်သွယ်ခွင့်လိုင်စင်မလိုဘဲ တင်ပို့ခွင့်ရနေပြီဖြစ်တဲ့အတွက် မတ်ပဲဈေးတွေ ပြန်တက်လာတယ်လို့ မွန်ပြည်နယ် ပဲ၊ နှမ်းကုန်သည်အသင်းမှ ဦးကျော်ခိုင်မြင့်က ပြောပါတယ်။
ယခင်နှစ်များမှာတော့ အိန္ဒယနိုင်ငံရဲ့ မတ်ပဲ လိုအပ်ချက်အပေါ်သာမူတည်ပြီး မြန်မာနိုင်ငံက တင်ပို့ပေးရတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
"အိန္ဒိယက နိုင်ငံခြားစီးပွားကူးသန်းရောင်းဝယ်ရေးက မြန်မာနိုင်ငံက မတ်ပဲရယ်၊ ပဲစင်းငုံရယ်၊ ပဲတီစိမ်းရယ် သုံးမျိုးကိူ လိုင်စင်မလိုတော့ဘူး။ အရင်ကဆို တန်ချိန် လေးသိန်းဆို လေးသိန်း။ အဲမှမှ သွင်းကုန်လိုင်စင်လို့ ခေါ်တာပေါ့။ သွင်းကုန်လိုင်စင်ထပ်လျှောက်ရတယ်။ နှစ်သိန်းမှာမှ တစ်ဦးကို တန်ချိန် တစ်ထောင်စီပေါ့ ခွဲတန်းချပေးတယ်။ တစ်ချို့ကျတော့ တစ်ထောင်နဲ့ ပို့လိူ့အဆင်မပြေတော့ ပါမစ်ပြန်ရောင်းစားတယ်။ အခုကျတော့ အဲလိုမျိုး မလိုတော့ဘူး။ free ပေါ့" ဟု ဦးကျော်ခိုင်မြင့်က ပြောပါတယိ။
မြန်မာနိုင်ငံက ကုန်သည်တွေလည်း အိန္ဒိယနိုင်ငံ ချနိုင်းဆိပ်ကမ်းနဲ့ မွန်ဘိုင်းဆိပ်ကမ်းတို့မှာ သွားရောက်ရောင်းချနိုင်သလို အိန္ဒိယကုန်သည်တွေကလည်း မြန်မာနိုင်ငံကိုလာရောက်ပြီး စိတ်ကြိုက်ဝယ်ယူနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာ မနှစ်က မုတ်သုံလေမုန်တိုင်းကြောင့် ပဲစိုက်ခင်းတွေ ပျက်စီး အထွက်နှုန်းကျဆငိးလာတဲ့အတွက် မြန်မာနိုင်ငံက မတ်ပဲကို အဓိက ဝယ်ယူရတော့မှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ မတ်ပဲ ဈေးကွက်အတွင်းမှာတော့ ကိုဗစ်ဖြစ်ပွားနေတဲ့အတွက် ဈေးကွက်ထိခိုက်ခဲ့ရပါတယ်။ တောင်သူတွေ ချေးငွေမရရှိတဲ့ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။
ထို့ပြင် ဖေဖော်ဝါရီလအတွက်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ဘဏ်တွေပိတ်ထားခြင်း၊ ငွေလွှဲ/ငွေထုတ်မရတဲ့ အခြေအနေတွေကြောင့် မတ်ပဲဈေး ကျဆင်းခဲ့ပါတယ်။



