ဘုရားသုံးဆူတွင် ဒု-တပ်ရင်းမှူးဟောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ဘုရားသုံးဆူတွင် ဒု-တပ်ရင်းမှူးဟောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ အာဏာသိမ်းစစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

မေလ ၁၉ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့က ဒေသခံများက ပြောသည်။

“ဒီမနက် ၉ နာရီကျော်ကျော်လောက်မှာ ဖြစ်သွားတယ်၊ သေနတ်နဲ့ပစ်သွားတယ်၊ ဆိုင်ကယ်နဲ့လာပြီးတော့ ပစ်သွားတယ်လို့တော့ပြောတယ်၊ ဘယ်သူဘယ်ဝါလဲဆိုတာတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

အသတ်ခံရသူမှာ ဘုရားသုံးဆူမြို့ အမှတ် (၄) ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းဆိုသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့်က အမည်အသိလူတစ်စုတို့မှ ဆိုင်ကယ်ဖြင့် လာရောက်ပစ်သတ်သွားခြင်းဖြစ်သည်။

ဦးကျော်ဇင်မင်းသည် ၎င်း၏ ကား၊ ဆိုင်ကယ် ရေဆေးဆီလိုက်ဆိုင်တွင်ရှိနေစဥ် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တို့မှ အင်အားဖြင့် လုံခြုံရေးရယူထားပြီး အသွား/အလာများလည်း ပိတ်ထားသည်ဟုလည်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းသည် ဒု-တပ်ရင်းမှူးအဆင့်ဖြင့် စစ်တပ်မှ အငြိမ်းစားယူထားသူတစ်ဦးဖြစ်သည်ဟုလည်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။

ဘုရားသုံးဆူမြို့တွင် အာဏာသိမ်းစစ်ကောင်စီတို့မှ ဆန္ဒပြသူတို့ကို လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေသော်လည်း မြို့ခံများက စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဆန္ဒပြနေကြဆဲဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ဘုရားသုံးဆူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့ပြီး မြို့ပေါ်စစ်ဆေးမှုများလည်း ရှိလာသည်ဟု ဒေသခံများက ပြောသည်။

August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...
August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...