ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရိက္ခာများတင်လာသည့် သင်္ဘောတစ်စီးကို နေရာနှစ်နေရာတွင် KIA က ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
မေလ ၁၁ ရက်နေ့က ရွှေကူမြို့တွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု ရွှေကူမြို့က ဒေသခံတစ်ဦးက ပြောသည်။
“အဲ့ဒီသင်္ဘောက မေလ ၆ ရက်နေ့က ည ၇ နာရီခွဲ၊ ၈ နာရီလောက်မှာ စစ်တပ်ရိက္ခာတွေတင်ပြီး တက်လာတာ၊ တက်လာတဲ့ဟာကို KIA က သိလို့ စီးပြီးပစ်တာပေါ့။ ပစ်တဲ့အခါ သင်္ဘောပေါ်မှာ ပြည်သူတစ်ချို့ပါတော့ ပြည်သူတွေပါလို့ သူတို့အော်တဲ့အခါ စစ်သားတွေကပါ အဲ့လိုလိုက်အော်တော့ မီးတွေအကုန်ဖွင့်ပြတယ် အဲ့ဒီသင်္ဘောကိုနော်။ အဲ့မှာ အရှိန်တင်ပြီးပြန်မောင်းသွားတာပေါ့။ အဲ့ဒါနဲ့ KIA ကလည်း ပြည်သူတွေပါတော့ မပစ်တော့ဘူး။ သူတို့လည်း ပြန်ဆုတ်သွားတယ်” ဟု ပြောသည်။
အဆိုပါသင်္ဘောမှာ မေလ ၆ ရက်နေ့ကတစ်ကြိမ်၊ မေလ ၁၁ ရက်နေ့ကနှစ်ကြိမ် ပစ်ခတ်ခံခဲ့ရသည်ဟု ရွှေကူဒေသခံများက ပြောသည်။
ထို့နောက် “အခု ဒီတနေ့က သင်္ဘောကို အချုပ်ကားနှစ်စီးနဲ့ အချုပ်သား ၁၈ ယောက်ကိုတင်ပြီးမှ နေ့လည်ကို ရုတ်တရက်ထွက်ဖို့လုပ်တာ။ မနေ့က မနက် ၄ နာရီလောက်မှာ ရုတ်တရက်ထွက်တာ။ သင်္ဘောအင်းဘက်မှာ အဲ့နားမှာ တစ်ခေါက်ပစ်ခံရတယ်။ အဲ့မှာ ဘန်ကာတွေကာထားတဲ့ နေရာကို သွားမှန်တယ်၊ မှန်တဲ့အခါကြတော့ စစ်တပ်ဘက်က စက်သေနတ်တွေရော၊ M1 တွေရောနဲ့ ပြန်ပစ်တာပေါ့နော်။ နှစ်နေရာကနေပစ်တာ။ တစ်ခေါက် သင်္ဘောအင်းနားကနေပစ်တယ်။ နောက်တစ်ခါက ဇင်းဘုံနားကနေပစ်တယ်။ ဇင်းဘုံနားမှာ ပစ်ခံရတာက သူတို့ဘက်ကို အထိခိုက်ရှိသွားတယ်ဗျ။ အဲ့ဒါနဲ့ သူတို့က နောက်ဆုံး ကားနဲ့ပြန်သယ်တယ်ပြောတယ်။ အဲ့ဒါ KIA က လမ်းမှာ ဖြတ်တိုက်တယ် အဲ့လောက်ပဲသိတယ်ဗျ” ဟု ၎င်းကဆက်ပြောသည်။
သင်္ဘောအတွင်း ဆန်အိတ်များ၊ အခြားစားနပ်ရိက္ခာများနှင့် စစ်သားများလည်း အယောက် ၁၀၀ နီးပါးခန့်ပါသည်ဟု ဒေသခံများက ဆိုသည်။
ထိုသို့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက ၎င်းတို့၏ရိက္ခာများကို ကားဖြင့်သယ်ယူရာ လမ်းခုလတ်တွင် KIA ထပ်မံ တားဆီးပစ်ခတ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင်ပြန်ကြားရေးတာဝန်ခံက ၎င်းတို့ပစ်ခတ်ခဲ့သည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း ထိုရိက္ခာများကို KIA သိမ်းဆည်းရမိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း KIA အနေဖြင့် အတည်မပြုနိုင်သေးဟု ပြောသည်။
“သိမ်းရတဲ့အထိတော့ ကျနော် ဘာမှမကြားမိပါဘူး။ ဒါပေမယ့် သင်္ဘောကိုပစ်တာ၊ တိုက်ပွဲတွေဖြစ်တာပေါ့၊ သင်္ဘောကနေလည်း ပြန်ပစ်တယ်။ KIA ကလည်း ပြန်ပစ်တယ်။ ဆိုတော့ စင်ခံမှာ သင်္ဘောကတော့ ရပ်သွားတာ။ အဲ့ဒီသင်္ဘောထဲကပစ္စည်းတွေကိုတော့ ကားနဲ့ ပြန်သယ်တာ၊ အဲ့တော့ ကားနဲ့ပြန်သယ်တာကို ပြန်တိုက်တာ။ ဘယ်လောက်အထိရတယ်ဆိုတာတော့ အတိအကျမသိဘူး။ လမ်းခုလတ်မှာတိုက်တာ။ တိုက်တယ်ဆိုတာလောက်ပဲ ကျနော်တို့ကြားပါတယ်။ သိမ်းပိုက်ရတယ်၊ ဘယ်လောက်အထိရတယ်ဆိုတာတော့ မကြားမိပါဘူး”
ထို့အပြင် ရွှေကူမြို့၊ မြို့လှရဲစခန်း မေလ ၈ ရက်နေ့က မီးရှို့ဖျက်ဆီးခံရပြီးနောက် ယနေ့အချိန်ထိ အဆိုပါနေရာအနီးတဝိုက်တွင် ပစ်ခတ်သံများ၊ မိုင်းကွဲသံများ ဆက်တိုက်ကြားနေရဆဲဖြစ်သည်ဟု ရွှေကူဒေသခံများက ပြောသည်။
“ရွှေကူမှာ ဒီနေ့တော့ ဘာမှမဖြစ်ဘူး။ မနေ့ညကတော့ လက်နက်ကြီးသံတွေကြားနေရတယ်။ ဒါပေမယ့် မြို့လှဘက်မှာတော့ တချိန်လုံး တဒိန်းဒိန်းဖြစ်နေတာပဲ။ တချက်တချက် ထထပစ်တာမျိုးတွေရှိတယ်။ မြို့လှရဲစခန်းကတော့ လုံးဝ ပြာချတာ။ ဒါပေမယ့် အခုချိန်ထိတော့ တဒိန်းဒိန်းပဲ။ အသံကတော့ နေ့ရော ညရော ကြားနေရတာ။ ဒီမြို့လှရဲစခန်းက ဝိုင်းခံထားရတာ တပတ်ကျော်ပြီ။ အဲ့ဒါကို စနေနေ့က မီးရှို့ခံလိုက်ရတာ” ဟု ရွှေကူမြို့က ဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျှက်ရှိရာ မိုးမောက်၊ မန်စံ၊ ရွှေကူ၊ ဒေါ့ဖုန်းယန်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်က လေယာဉ်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်လျှက်ရှိသည်။
ထိုတိုက်ပွဲများကြောင့် မိုးမောက်မြို့နယ်အတွင်းက ပြည်သူ ၅၀၀၀ ကျော်က နေရပ်ကျေးရွာများကိုစွန့်ကာ မိုးမောက်နှင့် ဗန်းမော်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။
ရွှေကူဒေသအတွင်း တပ်ရိက္ခာတင်ယာဉ်များကို KIA က တိုက်ခိုက်