လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ရွာသား ၂၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး

လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ရွာသား ၂၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး

မြန်မာစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်အတွင်းက ဒေသခံ နှစ်ထောင် ကျော် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် KPSN က ပြောသည်။ 

ဧပြီလ ၂၇ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များမှ  KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ဒေသ အတွင်း သို့ လေယာဉ်ဖြင့် နေ့တိုင်း လာရောက် ပစ်ခတ်နေသည့်အတွက် ဒေသခံများမှာ ကြောက်ရွံ့ကာ ထိုင်းနိုင်ငံ ဘက် ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး က ပြောသည်။

၎င်းက “အခုအခြေအနေက လူတွေပြေးနေရတဲ့ အခြေအနေဖြစ်တယ်။ မနက်ကလည်း တစ်ခါ နှစ်ခါ လာပစ် သေးတယ်။ ပြီးတော့ မနေ့ကလည်း နေ့ရောညရောဆိုရင် လာပစ်တာ သုံးခါရှိတယ်။ ဒါပေမယ့် သူတို့က တော ထဲမှာ လိုက်ပစ်တာ ဒါးဂွင်ဖက်မှာပေါ့။ အီသူးထာ စစ်ဘေးရှောင်တွေကတော့ ထိုင်းဖက်ခြမ်းကို ပြေးလာပြီ။ မနေ့က ပြေးလာတာ လူဦးရေ ၂၀၀၉ ယောက်ရှိတယ်။ ဒီမနက်တော့ လူဦးရေ အတိအကျ ကျမတို့ မသိရသေး ဘူး” ဟု ပြောသည်။

“ထိုင်းအစိုးရက သူတို့ကို ပြန်မောင်းထုတ်မှာ စိုးရိမ်နေကြတာ အခုက တိုက်ပွဲ ဖြစ်နေတာ ပြီးတော့ လေယာဉ် ပျံတွေလည်း လာပစ်တာတွေရှိတော့ သူတို့က ကြောက်နေကြတာ အကယ်လို့ သူတို့ပြန်ရရင်တောင် မပြန်ရဲ ဘူး။ ပြန်လို့မရဘူး” ဟု ဆက်ပြောသည်။

ဧပြီလ ၃၀ ရက်နေ့ (ယနေ့)တွင်လည်း စစ်ကောင်စီတပ်မှ ဒါးဂွင်ဒေသသို့ လေယာဉ်ဖြင့်လာ ရောက်ပစ်ခတ် နေ သည့် အတွက် အဆိုပါ ဒေသ အနီးရှိ ဒေသခံများမှာ ထိုင်းဖက်နိုင်ငံဖက်သို့ ထပ်မံထွက်ပြေးလာ နေသည်ဟု ကရင်ဒုက္ခသည်ကော်မတီ KRC တာဝန်ရှိသူ တစ်ဦးဖြစ်သူ စောဘွေးဒို က ပြောသည်။

စောဘွေးဒိုက “အခုတခါ ထပ်ပြီးတော့ ထိုင်းဖက်ကမ်းကို ကူးလာတာရှိတယ်။ မနေ့က သူတို့  ပြန်သွားပြီးတော့ အခုက လေ ယာဉ်ပျံလာလို့ ထိုင်းဖက်ကို ပြန်ပြီးကူးလာတယ်ကြားတယ်။ လူဦးရေ အရေအတွက်တော့ မသိ ဘူး။ အီသူးထာမှာ လူဦးရေ အားလုံး နှစ်ထောင်ကျော်ရှိတယ်။ အီသူးထဖက်က အကုန်လုံးကုန်ရင် လူဦးရေ နှစ်  ထောင်ကျော်လောက်ရှိမယ်။ အ ထက်ဖက်မှာလည်း တစ်နေရာရှိသေးတယ်။ မယ်နူထာဖက်မှာ။ ပြည်တွင်းမှာ က အခြေအနေမကောင်းဘူးလေ။ အထူးသဖြင့် နယ်စပ်ပေါ့ ဒီနေ့တောင် လေယာဉ်ပျံလာ တာရှိတယ်။ ခုနက ကျနော်တို့ကို ဖုန်းဆက်အကြောင်းကြားထားတာရှိတယ်” ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် ကရင်စစ်ဘေးဒုက္ခသည်များမှာ ဒါးဂွင်တစ်ဖက်ကမ်း ထိုင်းနိုင်ငံဖက်ခြမ်း ကရင်အခေါ် ကလိုဖ (Klo Pa) ဆိုသည့် နေရာတွင် နေထိုင်နေကြပြီး နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု KPSN ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

နော်ဝါးခူရှီးက “သူတို့ ပြေးလာတော့ စားဖို့သောက်ဖို့ ဝတ်ဖို့ ဘာမှ မပါလာဘူး။ ပြီးတော့ မိုးရွာတော့ မနေ့ညက ရေကြီးတော့ သူတို့ရဲ့ ပစ္စည်းတွေ ရေထဲပါသွားတာတို့ ရွံ့ထဲမြုပ်သွားတာတို့ အဲမှာ အခက်အခဲဖြစ်တာက သက် ကြီး ရွယ်အိုဆို သူတို့ကိုထမ်းရတာလေ၊ မွေးကင်းစ ကလေးတွေလည်းရှိတယ်။ နာမကျန်းဖြစ်တဲ့လူလည်းရှိ တယ်။ အဲဒါနဲ့သူတို့က သွားတာလာတာဆိုတော့ အခက်အခဲအများကြီးရှိတယ်” ဟု ပြောသည်။

ဧပြီလ ၂၇ ရက်နေ့က  KNU/KNLA တပ်မဟာ ၅ က စစ်ကောင်စီမှ တပ်စွဲထားသည့် သော်လဲထာ တပ်စခန်း ကုန်း အား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ခတ်မှုများကြောင့် ဗုံးသီးများမှာ ကျေးရွာအတွင်းသိုကျရောက်ပေါက်ကွဲ သည့်အတွက် ဒေသခံများက ကြောက်လန့်ကာ နီးစပ်ရာ တောတောင်များနှင့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေး တိမ်း ရှောင် နေရသည်ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးဒုက္ခသည်များအား အကူအညီပေးရေးနှင့် ပတ်သက်၍ နော်ဝါးခူရှီး က “ကမ္ဘာ့ ကုလသမဂ္ဂကို တောင်းဆိုချင်တာက ပြည်သူတွေရှိတဲ့နေရာတွေမှာ လေယာဉ်နဲ့ လာပစ်တာတွေမရှိ အောင် No Fly Zone ချပေးစေချင်တယ်။ UN အနေနဲ့ No Fly Zone ကို လုပ်ပေးဖို့တောင်းဆိုတယ်။ နောက်တစ် ခုက တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့သူတွေကို ထိုင်းနိုင်ငံက တတ်နိုင်တဲ့ဖက်က ကူညီ လုပ်ဆောင်ပေး လက်ခံ ပေးနေတာရှိတယ် အဲလိုပဲ ကူညီမှုတွေကို ဆက်လက်လုပ်ပေးစေချင်တယ်။ စစ်ဘေးကြောင့် ဒုက္ခရောက်နေသူ တွေကို သူနိုင်ငံမှာ ခေတ္တခန လာရောက် ခိုလှုံဖို့ ခွင့်ပြုပေးစေချင်တယ်။  အကူအညီပေးမှုတွေကိုလည်း ခွင့်ပြု ပေးစေချင်တယ်။ ပြီးတော့ နိုင်ငံတကာကလည်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေါ့နော စားဝတ် နေရေးအတွက်ပဲဖြစ်ဖြစ် အစရှိတဲ့ လိုအပ်ချက်တွေကို ကူညီပေးစေချင်တယ်” ဟု တောင်းဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က အာဏာသိမ်း စစ်  ကောင်စီ၏ အရေးပါသည့် သီးမူထာ တပ်စခန်းကုန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

ထိုသို့ တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အတွက် စစ်ကောင်စီ တပ်များက KNU တပ်မဟာ ၅ ဧရိယာအတွင်းသို့ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မယ်နူထာရွာ၊ သီးကော်ထာရွာ၊ အီးသူထာရွာ၊ အူးဝေး ကလိုးရွာ စသည့် ကျေးရွာများမှ ဒေသခံများမှာ ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအ စိုးရက လက်မခံပဲ ပြန်လည်မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ် ဖက်အဖွဲ့အစည်းများ က ပြောသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...