ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ စီမံကိန်းသက်တမ်းထပ်တိုးမည်

ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ စီမံကိန်းသက်တမ်းထပ်တိုးမည်
by -
ကန္တရဝတီ
အလုပ်လက်မဲ့လူငယ်များ၏ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာသင်တန်းများတက်ရောက်ပြီးသူ ငါးဆယ်ရာခိုင်နှုန်းကို အသက်မွေးဝမ်းကြောင်းပညာရစေရန်ဆောင်ရွက်ပေးနိုင်ခြင်းတို့အတွက်အားရကြေနပ်မှုရှိခဲ့သည်ဟု Mercy Corps မှ program manager ဦးမြတ်သူ ကပြောပါသည်။

“ပြောချင်တာက ဒီလိုမျိုးသင်တန်းတွေကတစ်ဆင့်ပေါ့နော။ အုပ်ချုပ်မှုစနစ်တွေပိုအားကောင်းလာလိုရှိရင် ကျနော်တို့ရဲ့အဓိကရည်မှန်းချက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးကူညီဖို့ဆိုတာတွေပါတယ်။ အဲ့ဒါတွေကို အထောက်အကူပြုတယ်လို့မြင်တယ်။ ဒါကြောင့် အဲ့ဒါတွေကိုအားရတယ်။” ဟု ဦးမြတ်သူကပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်သော လူငယ်များကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းသင်တန်းများပို့ချပေးခြင်း ၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်သော စွမ်းရည်မြင့်တင်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားသည်ဟု သိရသည်။

၎င်းသင်တန်းမှတဆင့် အုပ်ချုပ်မှုစနစ်များပိုမိုအားကောင်းလာစေရန် ရည်မှန်းချက်ဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးကူညီရာအထောက်အကူဖြစ်စေသည်ဟု ဦးမြတ်သူက ဆိုပါသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ချို့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သုံးနှစ်တာစီမံကိန်းဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

၎င်းတို့၏အစီအစဉ်သည် ဒေသဖွံ့ဖြိုးရေးနှင့် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်  ကူညီပံ့ပိုးပေးရန်ရည်ရွယ်ထားပြီး တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် ဆောင်ရွက်ခဲ့ကြသည်ဟုသိရသည်။

 သင်တန်းတက်ပြီးသွားသော လူငယ်များထဲမှ ငါးဆယ်ရာခိုင်နှုန်းကျော် အလုပ်အကိုင်ရှာ ဖွေပေးနိုင်ခဲ့ပြီး ကျန်သည့်လူငယ်များအား ဆက်လက်ချိတ်ဆက်ပေးနေသည်ဟု သိရသည်။

ကယားပြည်နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွင်သော  AVSIS  (Assoication of volunteer International Service) , Mercy Corps   ,World Education ဟူသော အဖွဲ့အစည်းကြီးသုံးဖွဲ့ရှိပြီး ၎င်းတို့သုံးဖွဲ့ထဲမှ မိမိတို့၏သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းများနှင့် လုပ်ငန်းများပြန်လည် ဆောင်ရွက်ကြသည်ဟုသိရသည်။

မေလ (၇) ရက်နေ့၌ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန Monitoring & Evaluation Team နှင့် မိတ်ဖက်အဖွဲ့အစည်းများ လွိုင်ကော်မူလတန်းကြိုကျောင်းတွင် တွေ့ဆုံခဲ့ကြပြီး ရှေ့ဆက်လုပ်ငန်းများကို သက်တမ်းတိုးဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သောကာလတွင် ပြည်နယ်အတွင်းရှိအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လာရောက်ကွင်းဆင်းလေ့လာခဲ့ကြသည်ဟုသိရသည်။

 ထိုသို့ကွင်းဆင်းရာတွင် ကယားပြည်နယ်တွင် အထောက်အပံ့များရရှိထားသော ဒေသခံများအနေနှင့် အားစိုက်ထုတ်မှုအားနည်းနေသေးသည်ကိုတွေ့ရသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်မျိုးသန့်က ပြောပါသည်။

“ ငွေကြေးအထောက်အပံ့က ငွေလုံးငွေရင်းနဲ့မဟုတ်ဘူးပေါ့ သင်တန်းပြီးရင် တစ်ချို့ဒေသခံတွေက အားစိုက်မှုလေးတွေလိုနေတဲ့အပိုင်းလေးတွေရှိတယ်။ သူကအထောက်အပံ့ကိုပဲ မှီတည်နေပြီးတော့ အထောက်အပနည်းလို့ပေါ့နော။ နောက်တစ်ခုက တစ်ချို့ကျတော့ အပ်ချုပ်သင်တန်းတွေပေးတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်ပြန်လုပ်စားနိုင်အောင်အထိက ကံယာကံရှင်ဘက်က အားစို်က်မှုလိုအပ်တာလေးတွေ တွေ့ရှိနေသေးတယ် ”  ဟု သူကပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရန်အတွက် ပထမသက်တမ်းကို ၂၀၁၄ ဇန်နဝါရီလတွင် နှစ်ဘက်နားလည်မှုစာချွန်လွာရေးထိုးခဲ့ကြပြီး ဘတ်ဂျက်အနေနှင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၆.၃ သန်းဖြင့်ဆောင်ရွက်ခဲ့ကြပြီး ယခုသက်တမ်းတိုးရာတွင် ၂၀၂၀ ခုနှစ်အထိ အဆိုပြုထားကြကြောင်းသိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...