မွန်ပညာရေးဝန်ထမ်းများအား မေ ၃ ရက်နောက်ဆုံး ရုံးပြန်တက်ရန် ဖိအားပေး

မွန်ပညာရေးဝန်ထမ်းများအား မေ ၃ ရက်နောက်ဆုံး ရုံးပြန်တက်ရန် ဖိအားပေး

မွန်ပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား မေလ ၃ ရက်နေ့ နောက်ဆုံးထား၍ ရုံးပြန်တက်ကြရန် ပြည်  နယ် ပညာရေးမှူးရုံးမှ ဖိအားပေးနေသည်ဟု လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement-CDM) ပညာရေးဝန်ထမ်း အချို့က ပြောသည်။

ပြည်နယ်ပညာရေးမှူးရုံး အပါအဝင် ခရိုင်ပညာရေးမှူးရုံးများ၊ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာ သင် ကျောင်းများမှ ဆရာ/ဆရာမများနှင့် ရုံးဝန်ထမ်းများ မေလ ၃ ရက်နေ့ နောက်ဆုံးထား၍ မပျက်မကွက် ရုံးပြန် တက်ကြရန် ဧပြီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှ စာထုတ်ကာ ဖိအားပေးမှုများ ပြုလုပ် လာသည် ဟု CDM ပညာရေး ဝန်ထမ်းများက ပြောသည်။

“၅ လပိုင်း ၃ ရက်နေ့ နောက်ဆုံး ရုံးပြန်တက်ဖို့ အလုပ်ပြန်ဆင်းဖို့ စာထုတ်ပြီးတော့ CDM ဝန်ထမ်းတွေကို ဖိ အားပေးနေတယ်၊ ဒါကို ပျက်ကွက်မယ်ဆိုလို့ရှိရင်လည်း ပျက်ကွက်တဲ့သူရဲ့ အချက်အလက်ကို တိတိကျကျ စာ ရင်း ပြုစုပြီးတော့ ပြန်တင် အဲလိုမျိုးနဲ့ စာထုတ်ထားတယ်၊ CDM တွေကို ဖိအားပေးတာပေါ့” ဟု CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

သတ်မှတ်ရက်အတွင်း ရုံးပြန်တက်ကြရန်နှင့် ပျက်ကွက်သူများကို စာရင်းတိကျစွာပြုစု၍ ပြည်နယ်ပညာရေးမှူး ရုံး စီမံဌာနသို့ မေလ ၃ ရက်နေ့ နေ့လည် ၁ နာရီအရောက် တင်ပြရန်လည်း ပြည်နယ်ပညာရေးမှူးရုံးမှ ထုတ်ထား သည့်စာတွင် ပါရှိသည်။

စစ်အာဏာသိမ်းမှုကို ပြည်သူများနှင့်အတူ ပညာရေးဝန်ထမ်းတို့ကလည်း အင်တိုက်အားတိုက်ဖြင့် လမ်းပေါ် ထွက်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ပြည်နယ်အတွင်းရှိ ထောင်နှင့်ချီသော ပညာရေးဝန်ထမ်းများက အာဏာရှင်ဖိဆန်ရေးလှုပ်ရှားမှု CDM တွင် ပါ ဝင်ထားကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေကြလျှက်ရှိသည်။

ယခုခါ အာဏာသိမ်းစစ်ကောင်စီမှ CDM တွင် ပါဝင်သည့် ပညာရေးဝန်ထမ်းအချို့ကို လုပ်ငန်းတာဝန်ရပ်ဆိုင်း လိုက် ခြင်းဖြင့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်ထဲပြန်ဝင်ရန် ဖိအားပေး  လုပ်ဆောင်လျှက်ရှိသည်။

တစ်ဘက်တွင်လည်း CDM ပညာရေးဝန်ထမ်းအချို့ကို ပုဒ်မ (၅၀၅) ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးမှုများ လုပ်ဆောင် လာနေသည်များ လည်းရှိသည်။

ထိုအခြေအနေကြောင့် ပြည်နယ်အတွင်းရှိ CDM ပညာရေးဝန်ထမ်းအများစုတို့က တိမ်းရှောင်နေရသည့် အနေ အထားရှိနေသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ယခုနှစ်တွင် ကျောင်းများပြန်ဖွင့်ရန် စီစဉ်နေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများထဲ ရှိ မြို့နယ်အချို့တို့ရှိ CDM လှုပ်ရှားမှုများတွင် ပါဝင်နေကြသည့် ပညာရေးဝန်ထမ်းများကို ရုံးပြန်တက်ရန် ဖိအားပေးမှုများ ဧပြီလ ဒုတိယအပတ်က စတင် စာပို့မှုများ ရှိနေသည်ဟု ပညာရေးဝန်ထမ်းများက ပြောသည်။

ထို့အပြင် လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement-CDM) ကျန်းမာရေး ဝန်ထမ်း များထံ လုပ်ငန်းခွင်သို့ အမြန်ဆုံး ဝင်ရောက်ရန် အကြောင်းကြား စာပေးပို့လာပြီး ခြိမ်းခြောက်မှုများလည်း ရှိနေ သည်ဟု ကျန်းမာရေးဝန်ထမ်းများ က ပြောသည်။

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...