တရားမဝင်သစ်ဖမ်းဆီးရာတွင် လက်နက်ကိုင်အဖွဲ့အစည်းမှ ကြားဝင်နှောင့်ယှက်

တရားမဝင်သစ်ဖမ်းဆီးရာတွင် လက်နက်ကိုင်အဖွဲ့အစည်းမှ ကြားဝင်နှောင့်ယှက်
by -
ကန္တရဝတီ
ကန္တာရဝတီတိုင်း(မ်) ။     ။  တရားမဝင်သစ်သယ်ဆောင်လာသော သစ်တင်ကား သုံးစီနှင့်အတူ ယာဉ်မောင်းနှင့် နောက်လိုက်စုစုပေါင်း ၆ ဦးတို့ကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရန် လုပ်ဆောင် နေစဉ် KNPP အဖွဲ့ဝင်များမှ ကြားဝင်နှောက်ယှက်ခဲ့ကြောင်း သိရသည်။

မေလ ၄ ရက်နေ့ ည ၁၀ နာရီခန့်အချိန်တွင် ဖရူဆိုမြို့နယ် မာခရောရှေကျေးရွာနှင့် လောဂျာကျေရွာအကြား တရားမဝင်သစ်တင်ဆောင်လာသော ယာဉ်များကို လက်ထောက် ညွှန်ကြားရေးမှူး၊ ခရိုင်သစ်တောဦးစီးဌာနမှ ဦးဆောင်သော သစ်တောဝန်ထမ်း ၆ ဦးမှ တွေ့ရှိခဲ့ကြောင်း သိရသည်။

သစ်တင်ဆောင်ထားသော ယာဉ်များနှင့်အတူ သက်သေခံပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်ရာတွင် ကားများမောင်းနှင်ပေးရန် ယာဉ်မောင်းများက ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် အဆိုပါ သစ်တင်ဆောင်ထားသော ယာဉ်များ၊ သက်သေခံ ပစ္စည်းများနှင့် တကွ တရာခံများကို အရေးယူရန် ရဲစခန်းသို့ ပို့ဆောင်ရန် ဖရူဆိုရဲတပ်ဖွဲ့ထံသို့ သစ်တောဝန်ထမ်းက အကူအညီတောင်းခဲ့သည်။

ရဲတပ်ဖွဲ့မှ ရောက်ရှိလာပြီး ည ၁၁ နာရီအချိန်၌ သက်သေခံပစ္စည်းမျာကို သယ်ဆောင်ရန် စီစဉ်နေစဉ် KNPP ကန်နီစခန်းမှ ဗိုလ်လူရယ် အပါအဝင် လက်နက်ကိုင်ဆောင်ထားသော လူ ၄ ဦးနှင့် မာခရောရှေ KNPP စခန်းမှ အရပ်ဝတ် ဝတ်ဆင်ထားသော လူ ၁၀ ဦးခန့် ထပ်မံရောက်ရှိလာခဲ့ကြောင်း ကယားပြည်နယ်သစ်တောဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဦးက မေလ ၆ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်)သို့ အတည်ပြုပြောဆိုသည်။

“သူတို့က ဘာပြောလဲဆိုတော့ သစ်ပဲ ပေးမယ်။ လူနဲ့ ကားနဲ့ အဖမ်းမခံနိုင်ဘူး ပြောတယ်။” ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဦးက ပြောကြားသည်။

ယာဉ်နှင့် တရာခံများကို အဖမ်းမခံပဲ သစ်များကို အဖွဲ့အစည်းနှင့် ယာဉ်မောင်းများက ၎င်းတို့၏ လူအင်အားဖြင့် ပစ်ချခဲ့ပြီး ကားမောင်းထွက်ခွာသွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လေးလုံးထိုး ကားထော်လာဂျီ ၃ စီးမှ ချထားခဲ့သော တရားမဝင်ကျွန်းနှင့် အင်သစ် လုံးတန် စုစုပေါင်းမှာ  ၉ တန်ကျော် ရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကန္တာရဝတီတိုင်း(မ်)မှ KNPP ဆက်ဆံရေးရုံး(လွိုင်ကော်) ဆက်ဆံရေးရုံး၏ တာဝန်ခံ ခူညေးရယ်ထံသို့ သုံးကြိမ်တိတိ ဖုန်းဖြင့် ဆက်သွယ်မေးမြန်ရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

KNPP တာဝန်ရှိသူများသည် ၎င်းတို့၏ အဖွဲ့အစည်းကွန်ကရက်ကျင်းပနေပြီး အဆိုပါပွဲသို့ တက်ရောက်နေသောကြောင့် ဆက်သွယ်၍ မရရှိကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...