စနစ်ပြောင်း စည်ပင်မြို့ဝင်ဘီးခွန် ၂ ပတ်အတွင်း ကျပ် ၂၅ သိန်းကျော် ကောက်ခံရရှိ

စနစ်ပြောင်း စည်ပင်မြို့ဝင်ဘီးခွန် ၂ ပတ်အတွင်း ကျပ် ၂၅ သိန်းကျော် ကောက်ခံရရှိ
by -
ကန္တရဝတီ
စနစ်ပြောင်းလဲ ကောက်ခံလိုက်သော မြို့ဝင်ဘီးခွန်ကြေး ရက်သတ္တပတ် ၂ ပတ်အတွင်း အခွန်ငွေ ကျပ် ၂၅ သိန်းကျော်အထိ ကောက်ခံရရှိခဲ့ကြောင်း ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ ယမန်နှစ်က အသုံးပြုခဲ့သော အဆိုပါ ဘီးခွန်စနစ်အား ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြောင်းလဲကျင့်သုံးလိုက်သော စနစ်ဖြင့် ကောက်ခံနေခြင်းဖြစ်သည်။

ဧပြီလ ၁ ရက်နေ့မှ စတင်၍ စနစ်ပြောင်းလဲကောက်ယူခဲ့သည့် ဧပြီလ ၂၀ ရက်နေ့အထိ ယာဉ်အမျိုးအစားအမျိုးမျိုး ၃၉၃ စီးထံ အခွန်ကောက်ခံရရှိနေပြီဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုညွှန်ကြားရေးမှူး ဦးသန်းထွန်းက အတည်ပြုပြောကြားသည်။

“အခုလကစလို့ ကောက်လိုက်တာ။ ကညနမှာလိုင်စင်လုပ်မယ့် ယာဉ်တွေ ဆောင်ထားတာတော့ ရပါပြီ။” ဟု ဦးသန်းထွန်းက ပြောသည်။

ဧပြီလမှ စတင်ပြီး ယခင်လမ်းတားကောက်ခံခြင်းအစား ပြည်နယ်အတွင်းရှိ ယာဉ်များသည် ၂၀၁၇-၁၈ ခုဘဏ္ဍာရေးနှစ်တွင် ယာဉ်သက်တမ်းတိုးဆောင်ရွက်ရာ၌ စည်ပင်သာယာရေးအဖွဲ့ရုံး၏ ဘီးခွန်ပေးဆောင်ပြီးကြောင်း  အထောက်အထားပါရှိမှသာ ကယားပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်လိုင်စင်နှင့် ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ယာဉ်မှတ်ပုံတင်ပြုလုပ်ရန်နှင့် လိုင်စင်သက်တမ်းတိုးရန်အတွက် လာရောက်လျှောက်ထားလိုပါက က.ည.န ရုံးဝန်းအတွင်းနှင့် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးရုံးအစရှိသော နေရာများ၌ စည်ပင်ဘီးခွန် သက်သေခံကဒ်ပြားများ ဦးစွာလာရောက် လုပ်ဆောင်ကြရန် စည်ပင်သာယာရေးအဖွဲ့မှ နိုးဆော်ထားသည်။

ယခုစနစ်ကြောင့် အခြားပြည်နယ်/တိုင်းများမှ လာရောက်သော ယာဉ်များကို ကောက်ခံရရှိတော့မည် မဟုတ်ဟု သိရသည်။ ထို့အပြင် ပြည်နယ်အတွင်း မောင်းနှင်အသုံးပြုနေသော လိုင်စင်မဲ့မော်တော်ယာဉ်များထံ မြို့ဝင်ဘီးကောက်အခွန်ရရှိတော့မည် မဟုတ်ကြောင်း သိရသည်။ ကယားပြည်နယ်သည် လိုင်စင်မဲ့ယာဉ်များ အများအပြား အသုံးပြုနေလျှက်ရှိသော  ပြည်နယ်ဖြစ်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...