လူပွဲစားမှတဆင့် ဝင်ရောက်လာသည့် မြန်မာနိုုင်ငံသား ၈၇ ဦး ထိုုင်း မြန်မာနယ်စပ်တွင် ဖမ်းဆီးခံရ

လူပွဲစားမှတဆင့် ဝင်ရောက်လာသည့် မြန်မာနိုုင်ငံသား ၈၇ ဦး ထိုုင်း မြန်မာနယ်စပ်တွင် ဖမ်းဆီးခံရ
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ထိုုင်းမြန်မာနယ်စပ်မှတဆင့် ထုုိင်းနိုုင်ငံအတွင်းသိုု့ တရားမဝင် ၀င်ရောက်လာသည့် မြန်မာနိုုင်ငံ သား ၈၇ ဦး နှင့်အတူ ကား ၈ စီးဖြင့် သယ်ဆောင်လာသူ ထုုိင်းနုုိင်ငံသား ၈ ဦးကိုု တာ့ခ်ခရိုုင် ထဆောင်ယန်းမြို့အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုုတွင် ဧပြီလ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်၌ ထိုုင်းအာဏာပိုုင်များက ဖမ်းဆီးရမိခဲ့သည်ဟုု သိရသည်။

ဦးဆောင်ဖမ်းဆီးခဲ့သူ ထိုုင်း တပ်မ ၃ လက်အောက်ခံ အမှတ် ၃၆ တပ်ဖွဲ့မှ စစ်တပ်အရာရှိ ပြောပြချက်အရ ဖမ်းဆီးရမိသူများသည် ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့သိုု့ သွားရောက်အလုုပ်လုုပ်ကိုုင်ရန် လူပွဲစားများမှတဆင့် သွားရောက်ပိုု့ဆောင်မည်ဟုု သတင်းရရှိထားသည့်အတွက် စောင့်ဆိုုင်းပြီး တားဆီးစစ်ဆေးခဲ့ရာက ယခုုလိုု ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုု ပြောသည်။

"ထိုုင်း မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ထဆောင်ယန်းမြို့ကနေ အုုန်းကွိုင်မြို့နယ် မယ့်တိန် ကျေးရွာအုုပ်စုုဖက်ကိုု ခေါ်လာချိန်မှာ ဟွေ့နမ့်ကမ် စစ်ဆေးရေးဂိတ်မှာ တားဆီးစစ်ဆေးခဲ့ရာက ည ၁၀ နာရီမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အားလုံုးကိုု စစ်ဆေးကြည့်လိုုက်တဲ့အခါမှာ အားလုံုး ၈၇ ယောက် လိုုက်ပါလာတာ တွေ့ရပါတယ်။ တရားဝင် နေထုုိင်ခွင့် လက်မှတ်ရှိသူတွေ တယောက်မှ မတွေ့ရဘူး။ သူတိုု့ကိုု ခေါ်လာတဲ့လူ ၈ ဦးကိုုလည်း ဖမ်းဆီးရမိပါတယ်။"

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုုင်ငံသားများသည် ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် သွားရောက် အလုုပ်လုုပ် ကိုုင်နိုုင်ရန် ပိုု့ဆောင်ခအဖြစ် လူပွဲစားများကိုု အားလုံုးအတွက် ထိုုင်းဘတ်ငွေ တစ်သန်းကျော် ခန့် ပေးခဲ့ကြရသည်ဟုု ထိုုင်းအာဏာပိုုင်များကိုု ပြောဆိုုကြောင်း သိရသည်။

မြန်မာနိုုင်ငံသားများကိုု သယ်ဆောင်လာသူ ထိုုင်းနိုုင်ငံသား ၈ ဦး နှင့် မြန်မာနိုုင်ငံသား ၈၇ ဦး အပါအဝင် ဖမ်းဆီးရမိသူ စုုစုုပေါင်း ၉၅ ဦးကိုု လက်ရှိ လူဝင်မှု ကြီးကြပ်ရေးသိုု့ လွဲပြောင်း ပေးအပ်လုုိက်ပြီး ထုုိင်းနုုိင်ငံ၏ ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဟုု သိရသည်။

မြန်မာနိုုင်ငံသားများ ဖမ်းဆီးခံခဲ့ရသည့် ထဆောင်ယန်းမြို့သည် ထိုုင်း မြန်မာ နယ်စပ်ရှိ မဲဆောက်မြို့နှင့် ၁၈၆ ကီလိုုမီတာ ( ၃ နာရီခန့်) ကွာဝေးသည်ဟုု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့တွင်လည်း အလားတူ လူပွဲစားများမှတဆင့် မလေးရှားနိုုင်ငံသိုု့ သွားရောက်အလုုပ်လုုပ်ကိုုင်ကြမည့် မြန်မာနုုိင်ငံသား ၁၄ ဦးကိုု ထိုုင်းနိုုင်ငံနှင့် မလေးရှားနိုုင်ငံ နယ်စပ်မြို့ဖြစ်သည့် ဆုုန်ခလာခရိုုင် စဒါအိုုမြို့တွင် ထုုိင်းအာဏာပိုုင်များက ဖမ်းဆီးရမိခဲ့သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...