ဇနီးအား ကိုယ်ထိလက်ရောက်နှိပ်စက်သူ တရားစွဲဆိုခံရ

ဇနီးအား ကိုယ်ထိလက်ရောက်နှိပ်စက်သူ တရားစွဲဆိုခံရ
by -
ကန္တရဝတီ
ဒီးမော့ဆိုမြို့နယ် ဒေါဘူးကူးအုပ်စု ဒေါပေါ်ကလဲကျေးရွာတွင် အရက်သေစား သောက်စားမူးယစ်ပြီး မိမိ၏ သားမယားအပေါ် ကိုယ်ထိလက်ရောက် နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် နှိပ်စက်မှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဒီးမော့ဆိုမြို့မ ရဲစခန်းမှ သိရသည်။

ဒေါဘူးကူး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြခဲ့ရာမှ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါပေါ်ကလဲကျေးရွာနေ ဦးလျားရယ် အသက် ၅၉ နှစ်သည် အရက်သေစာများ သောက်စားမူးယစ်ပြီး မိသားစုအပေါ် နည်းမျိုးစုံဖြင့် ပြဿနာ အမျိုးမျိုးရှာ၍ ဆူပူသောင်းကျန်းနေသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့မှ အကြိမ်ကြိမ်ခေါ်ယူ သတိပေး ဆုံးမသော်လည်း နာခံခြင်း မရှိသည့်အပြင် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်သဖြင့် ခြေချုပ်နှင့် ခံဝန် ဥပဒေအရ အရေးယူပေးနိုင်ရန် ဒေါဘူးကူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဧပြီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော မြို့နယ်စီမံခန့်ခွဲမှူ ကော်မတီနှင့် မြို့နယ်လုံခြံုရေး ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ အရေးယူသင့်ကြောင်း ဆုံးဖြတ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ စာအမှတ် ၂/ ၃-၃၄ (၃၁၆) / ဦး ၁ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ခြေချုပ်နှင့် ခံဝန် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် ဒီးမော့ဆိုရဲစခန်းမှ ဧပြီလ ၁၂ ရက်နေ့တွင် အမှုဖွင့်ခဲ့ပြီး ၂၄ ရက်နေ့တွင် တရားစွဲဆိုကာ တရားရုံးမှ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...