ငြိမ်းချမ်းရေး ကော်မရှင်နှင့် တုုိင်းရင်းသားခေါင်းဆောင်များ ချင်းမိုုင်မြို့တွင် တွေ့ဆုံု

ငြိမ်းချမ်းရေး ကော်မရှင်နှင့် တုုိင်းရင်းသားခေါင်းဆောင်များ ချင်းမိုုင်မြို့တွင် တွေ့ဆုံု
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
မြန်မာအစိုုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်သည့် အဖွဲ့နှင့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများမှ နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေး ညှိနှိုင်း ရေး ကိုုယ်စားလှယ်အဖွဲ့ DPN အဖွဲ့မှ ခူးဦးရယ် ခေါင်းဆောင်သည့် အဖွဲ့တိုု့သည် ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့ရှိ Horizon Village & Resort တွင် ယနေ့ နံနက် ၉ နာရီမှစ၍ ငြိမ်းချမ်းရေး တွေ့ဆုံု ဆွေးနွေးပွဲ စတင်ခဲ့သည်။

နှစ်ဖက် တွေ့ဆုံုဆွေးနွေးပွဲတွင် ၂၀၁၇ ခုုနှစ် မတ်လ ၃ ရက်နေ့တွင် ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ အဆိုုပြုခဲ့သည့် အချက် ၉ ချက်ကိုု စတုုတ္ထအကြိမ် DPN နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ နှင့် PC ငြိမ်းချမ်းရေး ကော်မရှင် တိုု့ ပြင်ဆင်ရေးဆွဲခဲ့ကြသည့် အချက်များအပေါ် ယနေ့ ထပ်မံဆွေးနွေးသွားကြမည်ဟုု သိရ သည်။

တဆက်တည်းမှာပင် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုု ပင်လုံု ဒုုတိယအကြိမ် အစည်းအဝေး တက်ရောက်နိုုင်ရေး ကိစ္စများကိုု ဆွေးနွေးသွားကြမည်ဖြစ်သည်ဟုု သိရသည်။

ယခုု အစည်းအဝေးတွင် အစိုုးရဖက်မှ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း အပါအဝင် ဦးအောင်ကြည်၊ ဦးအောင်စိုုး၊ ဦးခင်ဇော်ဦး၊ ဦးကျော်သူရ၊ ဒေါက်တာ ခင်သာရှမ်းဇော် တိုု့ တက်ရောက်နေသည်။

နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် DPN အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် အပါအဝင် ဗုုိလ်ချူပ် စိုုင်းထူး၊ ဒေါက်တာ လဂျာ၊ ဒေါက်တာ နိုုင်ရွှေသိန်း၊ ဗုုိလ်မှူး တာ့ညီလူ၊ ဦးထွန်းဇော်၊ ဒူးဝါ ဘဝမ်လယော်၊ ဗုုိလ်မှူးကြီး ဆော်လမွန်၊ ဗုုိလ်မှူးကြီး မင်းထွန်း တိုု့ တက် ရောက်နေကြပြီး အစည်းအဝေးလေ့လာသူများအဖြစ် NCA အပစ်ရပ် ၈ ဖွဲ့မှ ကိုုယ်စားလှယ် တွေဖြစ်တဲ့ CNF မှ ဆလိုုင်း သလာဟေး နှင့် ABSDF မှ မိဆူးပွင့် တိုု့လည်း တက်ရောက်ကြ သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...