Published
Tuesday, March 02, 2021
အာဏာသိမ်းပြီး ရက်ပေါင်း ၂၀ အကြာမှာ KIA နဲ့ တပ်မတော်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဆက်တိုက်ဖြစ်ပွား
တပ်မတော်က အာဏာသိမ်းပြီး ရက်ပေါင်း ၂၀ အကြာမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ တပ်မတော်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ပြန်ဖြစ်ပွားလာနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အားပြိုင်မှုကြောင့် ပြည်သူလူထု ထွက်ပြေးနေကြရပါတယ်။
ကချင်ပြည်နယ်က ဆန္ဒပြပွဲတွေ၊ ဖမ်းဆီးမှုတွေနဲ့ ဆုတောင်းပွဲတွေ အကြောင်းလည်း သတင်းတွေထဲမှာ တင်ပြထားပါတယ်။


