၃ နှစ်ပြည့် ကချင်လူထု မူးယစ်တိုက်ဖျက်ရေးနေ့ကျင်ပ

၃ နှစ်ပြည့် ကချင်လူထု မူးယစ်တိုက်ဖျက်ရေးနေ့ကျင်ပ
by -
ကေအဲန်ဂျီ
အစီစဉ် သို့ မြစ်ကြီးနား နှင့် ဝိုင်းမော် နှစ်မြို့နယ်ရှိ အသင်းတော်၊ စစ်ပြေး ဒုက္ခသည် စခန်းများ မှ ထောင်ပေါင်းများစွာသော လူထုသည် နံနက် ရ နာရီခွဲ ခန့် မြစ်ကြီးနား စီတာပူ မနောကွင်းကြီး သို့ မတူညီတဲ့ လမ်းကြောင်းမှ လမ်းလျှောက် ချီတက်လာပြီး မနက် ၈ နာရီခွဲ အချိန်မှာ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

မနောကွင်းကြီး သို့ လမ်းလျှောက် ချီတက်လာသည့် လူထု က “မူးယစ်ဆေးဝါး တို့ မလိုလား၊ လူငယ် လူထုအား မူးယစ်ရန်မှ ကာကွယ်ကြ” အစ ရှိသည့် ပိုစတာ များကို ကိုင်ဆောင် ကြွေးကြော် ခဲ့ကြသည်။

၂၀၁၄ ဧပြီ ၂၅ ရက်နေ့ ကချင်ဒေသ (ရှမ်းပြည်မြောက်ပိုင်း အပါအဝင်) အနှံ စတင်ပြုလုပ်ခဲ့သည့် လူထု မူးယစ်တိုက်ဖျက်ရေးအစီစဉ်၏ အောင်မြင်မှု နှင့် ရှေ့ဆက် လုပ်ငန်းအချို့ကိုလည်း Pat Jasan ခေါ် မြစ်ကြီးနားဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ အတွင်းရေးမှူး ဆရာ အင်ခွမ် တန်ဂွန်း ယခုလို ပြောသည်။

“ကျနော်တို့ ၂၀၁၅- ၂၀၁၆ အတွင်းမှာဘဲ ဘိန်းခင်း ဧက ၄ ထောင်ကျော် ဖျက်ဆီးနိုင်ခဲ့တယ်။ မူးယစ် သုံးစွဲသူတွေကို ဖြတ်ပေးတာလည်း အောင်မြင်မှု ရခဲ့တယ်။ ဘိန်းဖြတ် စခန်းကို ရောက်လာတာ ဒီကနေ့ အထိဆို ရ ထောင်ကျော်ရှိပြီ။ ဆက်လက်ပြီးတော့လည်း မူးယစ်အန္တရယ် အမြင်ပွင့် ပညာပေး အစီစဉ် နဲ့ ရောင်းဝယ်သူတွေ ဖမ်းဆီးတာ ဆက်လုပ်သွားမှာ ဖြစ်တယ်။ သုံးစွဲ သူတွေကိုလည်း ဆက်လက် ထိန်းသိမ်းစောင့်ရှောက်မှာ ဖြစ်သလို ဘိန်းခင်း ဖျက်ဆီးမှုလည်း ဆက်လုပ်ဖို့ စီစဉ်နေပါတယ်။”

ထို့ပြင် ၃ နှစ်အတွင်း မူးယစ်သုံးစွဲမှု ၆၅% ၊ ရောင်းဝယ်မှု ၅၀% နှင့် စိုက်ပျိုးမှု ၅၅% အသီးသီး လျှော့ကျသွားကြောင်း ဝတ်ပြု အစီစဉ်အတွင်း ဦး လုံဂျုံ တူးရော် ပြောသွားရာတွင် ပါရှိသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပြုလုပ်ခဲ့သည့် လှုပ်ရှားမှု မြင်ကွင်း ဓါတ်ပုံများကိုလည်း ပြသ ခဲ့ကြသည်။

ယနေ့ ဆန္ဒပြ ဝတ်ပြုအစီစဉ်ကို လူထု ၆ ထောင်ကျော် ပါဝင်ကြောင်း သိရသည်။ ၃ နှစ်ပြည့် အစီစဉ်ကို မြစ်ကြီးနားတွင် မက ပြည်နယ် အနှံ တွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...