ဒေသထွက်လက်မှုပစ္စည်းများဖန်တီးပြုလုပ်မှု ပြိုင်ပွဲကျင်းပ

ဒေသထွက်လက်မှုပစ္စည်းများဖန်တီးပြုလုပ်မှု ပြိုင်ပွဲကျင်းပ
by -
ကန္တရဝတီ
ရိုးရာလက်မှုပစ္စည်းများ ဖန်တီးပြုလုပ်ပြီး ဒေသထွက်လက်မှုပစ္စည်းများ ထုတ်ဖေါ်ပြသခွင့်ရရှိနိုင်မည့် ကယားပြည်နယ်လက်မှုလုပ်ငန်းပြိုင်ပွဲကို ကျင်းပနေကြောင်း သိရသည်။  

သဘာဝထွက်ပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းများကို အသုံးပြုကာ မိမိတို့၏ ကိုယ်ပိုင်ဟန်လက္ခဏာများဖြင့် အရည်အသွေးကောင်းမွန်သော လက်မှုပစ္စည်းများ ထုတ်လုပ်မှုမြှင့်တက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ခရီးသွားလုပ်ငန်းနှင့် ဆက်နွယ်ပြီး လက်မှုပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် ဒေသထွက်လက်မှုလုပ်ငန်းရှင်များမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေဝန်ကြီးဌာန ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာနက ကြေညာထားသည်။

အဆိုပါပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရမည့် ပစ္စည်းအမျိုးအစားကို ရ မျိုးသတ်မှတ်ထားပြီး ရက်ကန်းထည်များ၊ တောင်းရက်ခြင်း၊ သတ္တုပစ္စည်းများဖြင့် ပြုလုပ်သော လက်မှုပစ္စည်းများ၊ ရွံ့စေးဖြင့် ပြုလုပ်သော လက်မှုပစ္စည်း၊ သစ်သားပစ္စည်း၊ ဝါးနှင့် သစ်စေဖြင့် ပြုလုပ်သောလက်မှုပစ္စည်းနှင့် အဆင်တန်ဆာနှင့် အလှဆင်ပစ္စည်းများဖြင့် ဖန်တီးပြုလုပ်ရမည်ဖြစ်သည်။

ပြိုင်ပွဲကာလကို ဧပြီ ၁၈ ရက်နေ့မှ ဇွန် ၅ ရက်နေ့အထိ သတ်မှတ်ထားသည်။ ဆုကြေးကို ပထမဆု ကျပ် ၁ သိန်း၊ ဒုတိယဆု ကျပ် ၅ သောင်းနှင့် တတိယဆု ကျပ် ၃ သောင်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...