မွန်ပြည်နယ်ရှိ ကျေးရွာ ၆ ရွာမှဒေသခံများ ကရင်အမျိုးသားနေ့နှင့်အတူ စစ်အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒပြမှုပြုလုပ်

မွန်ပြည်နယ်ရှိ ကျေးရွာ ၆ ရွာမှဒေသခံများ ကရင်အမျိုးသားနေ့နှင့်အတူ စစ်အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒပြမှုပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ  ကျေးရွာ ၆ရွာမှ ထောင်နှင့်ချီသော ဒေသခံများသည် ယနေ့(ဖေဖေါ်ဝါရီ ၁၁ရက်) ကျရောက်သည့် ၇၃နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနား နှင့်အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲ အစီအစဉ်တစ်ရပ်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ဘီးလင်းမြို့နယ်ရှိ လေးကေ့(လေးကေ)၊ ပယာရော(မြစ်ကျိုး)၊ လယ်ခလော့( ကျောက်ဖျာ)၊ သူးကဘီး၊ လယ်ဖိုး (ကျောက်တောင်လေး )နှင့် ထီးလေးခေါ့ စသည့် ကျေးရွာ ၆ရွာမှ ဒေသခံ ၁,၀၀၀ ဝန်းကျင်သည် နံနက် ၇နာရီတွင် ကရင်အမျိုးသားနေ့အခမ်းအနားအစီအစဉ် ကျင်းပပြီးနောက် မြစ်ကျိုးရွာမှ စတင်ကာ လေးကေရွာအထိ စစ်အာဏာရှင် စနစ် ဆန့်ကျင် ရေး လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ပါဝင်သူ စောကိုင်က“ လက်ရှိ စစ်အာဏာသိမ်းမှုသည် မတရားဖြစ် သည့်အတွက် လက်မခံနိုင်ဘူး။ ကျနော်တို့ ကိုယ်တိုင် လွတ်လပ်ရေးကို လိုချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းလိုချင်လို့ အနီးအနားက ရွာတွေ စုပေါင်းကြတာ”ဟု ပြောသည်။

ယနေ့ ဆန္ဒပြပွဲတွင် ကရင်ပြည်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုးရေးအဓိကရုဏ်းအလိုမရှိ၊ ပြည်တွင်းစစ်အလိုမရှိ စသည့် ကရင်အမျိုးသားနေ့ ကြွေး ကြော်ချက် ၄ ချက်အပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုပေးပါ၊ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များကို အသိအမှတ်ပြုပေးပါ၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အနိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းထားသူအားလုံးကို လွတ်ပေးပါ၊ စစ်အာဏာရှင်စနစ် ပပျောက်ရေး စသည့်တောင်းဆိုချက်များကို ပိုစတာများဖြင့် ကိုင်ဆောင်ကာ ဆန္ဒပြတောင်း ဆိုခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ပါဝင်သည့် ဒေသခံ အစိုးရဝန်ထမ်းတစ်ဦးကလည်း“ မဲမသမာမှုလို့ ပြောတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုကို ကြည့်မယ်ဆိုရင် မဲမသမာမှုမရှိဘူး။ မဲထည့်ပြီးလို့ မဲစစ်တဲ့အခါ ဆရာ၊ ဆရာမတွေက မများရှေ့မှာပဲ စစ်တယ်။ ဒါကြောင့် မဲသမာမှုမရှိပါဘူး”ဟု ပြောသည်။

ယနေ့ ကျရောက်သည့် ၇၃နှစ်မြောက် ကရင်အမျိုးသားနေ့ကို ပြည်နယ်နှင့်တိုင်း ဒေသကြီးအ သီးသီးတွင် နေထိုင်ကြသည့် ကရင်တိုင်းရင်းသားများသည် အမျိုးသားနေ့ ကြွေးကြော်ချက် ၄ ချက်နှင့်အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲအစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...