သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဒုတိယအကြိမ် ထပ်မံ ဖမ်းဆီးခံရ

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဒုတိယအကြိမ် ထပ်မံ ဖမ်းဆီးခံရ

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် စစ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် အဖြစ် ထပ်မံ အဖမ်းခံရကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၁)ရက် တွင်တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို သိမ်းယူပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်/ တိုင်း ဝန်ကြီးချုပ် နှင့် အစိုးရ အဖွဲ့ဝင်များကို တပ်မတော်က ဖမ်းဆီးထိမ်းသိမ်းခဲ့ရာ ဖေဖော်ဝါရီ (၂)ရက်တွင် ဒေါက်တာလင်းထွဋ် ကို ပြန်လွှတ်ပေးခဲ့သည်။

သို့သော် ယနေ့(ဖေဖော်ဝါရီ ၁၀)ရက်မှာ သျှမ်းပြည်ဝန်ကြီးချုပ်ကို ပြန်လည်ဖမ်းဆီးသွားကြောင်း နီးစပ်သည့် အသိုင်းအဝန်းမှ စုံစမ်းသိရသည်။

“ ဒီည လာခေါ်သွားတယ်။ ဘယ်ခေါ်သွားလဲဆိုတာတော့ မသိသေးဘူး။ စုံစမ်းနေဆဲပါ” ဟု သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့်နီးစပ်သည့် သူ တဦးကပြောသည်။

ထို့အပြင် လက်ရှိမှာလည်း သျှမ်းပြည်စီမံ၊ဘဏ္ဍာရေးရာ ဝန်ကြီး ဦးစိုးညွန့်လွင်ကိုလည်း ဖမ်းဆီးရန် ရှာဖွေနေဆဲ ဟု သိရသည်။

တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်းကြောင့် သျှမ်းပြည်အပါအဝင် မြန်မာပြည်တဝှမ်းရှိ ပြည်သူများက မိမိသဘောဆန္ဒအလျောက် စစ်အာဏာရှင်ကျရှုံးရေးအတွက် တနေ့ထက်တနေ့ အရှိန်မြင့်လာသည်။

စစ်အာဏာအစိုးရ ဖြုတ်ချရေးအတွက် အရှိန်မြင့်ဆန့်ကျင်လာသည့်အလျောက် စစ်တပ်ဘက်မှလည်း ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူမှုများလာကြောင်းသိရသည်။

June 13, 2026
စိုင်းဟန်လင်း — မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို...
June 12, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင်...
June 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တန်စန်းကျေးရွာ အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့်...
June 10, 2026
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်)...