ဘဏ်ဝန်ထမ်းများ အလုပ်မဆင်းသည့်အတွက် ဘဏ်ပိတ်ထားရ

ဘဏ်ဝန်ထမ်းများ အလုပ်မဆင်းသည့်အတွက် ဘဏ်ပိတ်ထားရ

စစ်အာဏာရှင် အစိုးရကို ဆန့်ကျင့်ဆန္ဒပြရာတွင် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများပါဝင်လာသဖြင့် ဘဏ်လုပ်ငန်းများ ပိတ်ဆိုင်းလိုက်ရသည့် အဆင့်ဖြစ်သွားကြောင်း စုံစမ်းသိရသည်။

ထိုထဲတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် တခြား မြို့ရှိ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများသည် စစ်အာဏာရှင် ဆန့်ကျင်မှု Civil Disobedience Movement (CDM) လှုပ်ရှားကာ အလုပ်မဆင်းကြသဖြင့် ဘဏ်ပိတ်ရသည့်အဆင့်ဖြစ်သွားကြောင်း သိရသည်။

လက်ရှိ အချိန်ထိ နိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ဘဏ်ပိတ်ဆိုင်းခြင်းကို ကြေညာထားခြင်းမရှိကြောင်းသိရသည်။

” ကျမ ဒီနေ့ ဘဏ်မှာ ငွေသွားထုတ်မလို့ CB ဘဏ်သွားတာ ပိတ်ထားတယ်။ ဘဏ်က ယာယီပိတ်မယ်ဆိုတာတော့ ကျမတို့လည်း မကြားမိပါဘူး”ဟု တောင်ကြီးဒေသခံ တစ်ဦး ကပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ပြီး တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူပြီးနောက် ပြည်သူများ အလုအယက် ဘဏ်အတွင်း ငွေထုတ်ခြင်းများစွာရှိခဲ့ပြီး၊ ဘဏ်တချို့ တရက်ပိတ်ဆိုင်းခဲ့ရသည်။

“ကျမတို့ ဘဏ်ဝန်ထမ်းတွေက CDM ထဲမှာ ပါလို့ ဘဏ်ပိတ်ထားရတယ်ထင်တယ် ” ဟု ဘဏ်ဝန်ထမ်း တဦးက ပြောသည်။

တပ်မတော်မှ နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် ပြည်သူလူထုများ လူငယ်များ ကျောင်းသားသမဂ္ဂများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...