တောင်သူများထံ ပေးအပ်သည့် (ပုံစံ-၇) မြေပြင်နှင့်ကိုက်ညီမှုမရှိမှာစိုးရိမ်

တောင်သူများထံ ပေးအပ်သည့် (ပုံစံ-၇) မြေပြင်နှင့်ကိုက်ညီမှုမရှိမှာစိုးရိမ်
by -
ကန္တရဝတီ
လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇)ထုတ်ပေးရာ သက်ဆိုင်ရာဌာနမှ မြေပြင်ကွင်းဆင်းမတိုင်းတာသည့် နယ်မြေဒေသတချို့ တွင် မြေပုံလွှဲမှားမှုများ ဖြစ်ပေါ်မည်ကို ဒေသခံများ ကစိုးရိမ်နေကြသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ပေးအပ်သည့် မြေဧကများမှာ လူကိုယ်တိုင်ကိုယ်ကျ ယာထဲသို့ သွားရောက် တိုင်းတာခြင်း မဟုတ်ပဲ မြေပုံထဲမှ ကြည့်ပြီး ခန့်မှန်းသည့်အတွက်ကြောင့် မြေပြင်နှင့် ကိုက်ညီမှု မရှိမှာကို စိုးရိမ်ကြသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး တချို့က ပြောဆိုနေကြသည်။

ထေးစဲကလိုး ကျေးရွာ အုပ်ချုပ်ရေးမှူး ခူးဖဲဘူးက “သူတို့တိုင်းတာက မြေပုံကို ကြည့်ပြီးတိုင်းတာ။ အင်တာနက် မြေပုံကို ကြည့်ပြီး ကျနော်တို့ကို ညွန်းခိုင်းတယ်။ ကျနော်တို့ရွာမှာ အဲလိုလုပ်တယ်။သူတို့ အရင်တစ်နှစ်တုန်းက တစ်ခေါက်လာကြည့်သေးတယ်။ မြေပုံကို ချခင်းပြီးတော့ ဒီအကွက်က ဦးဖဲဘူးဟာ ဦးလော်ရယ် ဦးဖြူ အဲလိုမျိုးတွေပေါ့။”ဟု ဆိုသည်။

မတ်လအတွင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုလ်မှ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုနယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းနယ် တို့တွင်လည်း လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇)များ ပေးအပ်ပွဲ အခန်းအနားများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါသမကြီးကျေးရွာမှ ခူးမယ်ရယ် “အကျိုးရှိတယ် မရှိဘူးဆိုတာက အရင်တုန်းက ကျနော်တို့ရွာကို တစ်ခေါက်တော့ လာတိုင်းပါတယ်။ ဒါပေမယ့် သူတို့ တိုင်းပြီးတော့ အတိအကျ ကျနော်တို့ကို ဘာမှ မလုပ်ပေးရသေးဘူး။ အခု ကျနော်တို့ကို ခေါ်လာပြီး ပုံစံ ရ ကို ပေးမယ် ပြောလို့ လာတာပါ”ဟု ပြောသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကယားပြည်နယ်အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် (ပုံစံ-၇)ကို ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၅) အုပ်စု၊ တောင်သူပေါင်း (၄၅၁၉၇)၊ ဦးပိုင်ပေါင်း (၅၈၀၉၈)၊ ဧရိယာ (၁၃၉၆၄၀) ဧက ထုတ်ဝေပေးခဲ့ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...