တိုက်ပွဲရပ်နားချိန်တွင် မြန်မာစစ်တပ်အင်းအား ၁၅၀၀ မောင်တောမြောက်ပိုင်းသို့ သွားလာလှုပ်ရှားနေခြင်း

တိုက်ပွဲရပ်နားချိန်တွင် မြန်မာစစ်တပ်အင်းအား ၁၅၀၀ မောင်တောမြောက်ပိုင်းသို့ သွားလာလှုပ်ရှားနေခြင်း

ဇန်နဝါရီလ ၇ ရက်နေ့တွင် မောင်တော တောင်ပိုင်းသို့ မြန်မာစစ်တပ်တပ်သား ၁၅၀၀ ခန့် သင်္ဘောဖြင့် ရောက်ရှိခဲ့ပြီး မောင်တောမြောက်ပိုင်းသို့ ထရပ်ကားဖြင့် သယ်ဆောင်ခဲ့သည်ဟု ဒေသခံများပြောသည်။မောင်တောတောင်ပိုင်း၊ ပင်လယ်ကမ်းခြေ ရှိ အလယ်သံကျော် ငါးဖမ်းကျေးရွာတွင် ရေတပ်သင်္ဘော နှစ်စင်းမှ တပ်ဖွဲ့များသည် မနက်ပိုင်းတွင် ဆင်းသက်လာသည်ကို တွေ့ရပြီး အလယ်သံကျော် နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ (BGP) စခန်းသို့ ဝင်ရောက်ခဲ့သည်။

ဒေသခံများ၏ ပြောကြားရာတွင် ကမ်းခြေသို့ ရောက်လာသော တပ်သားများသည် အရပ်သား အဝတ်အစား များ ဝတ်ထားသည်ဟု ဆိုသော်လည်း၊ ၎င်းတို့ကိုယ်တွင် စစ်လက်နက်များသာရှိနေကြောင်းနှင့် ၎င်းတို့ သည် အလယ်သံကျော် နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ (BGP) စခန်းသို ဝင်သွားသည့်ဟု ပြောဆိုသည်။

သိပ်မကြာခင် အတွင်း BGP စခန်းမှ ၎င်းစစ်သားများသည် တာပေါ်လင်ဖုံးထရပ်ကား ၃၀ ဖြင့် မောင်တော မြောက်ဘက်ကို ဦး တည်သွားနေသည့်ကို တွေ့ရသည်။

မွန်းတည့်အချိန်တွင် မောင်တောမြို့ မြောက်ဘက်ကီလိုမီတာ ၂၀ အကွာရှိ ငါးခူရ ကျေးရွာတွင် ကားများ ရပ်တန့်သွားသည်ကိုတွေ့ရသည်။ ကားဘီးပေါက်သော ထရပ်ကားတစီးကို ပြန်လည်ပြုပြင်နေစဉ်တွင် ယူနီဖောင်းဝတ်တပ်ဖွဲ့ဝင် ၅၀ ခန့်သည် ထရပ်ကားမှ ထွက်ခွာလာသည်ကို ရွာသားများကတွေ့ရှိခဲ့သည် ဟုဆိုသည်။ တာယာကိုပြင်ပြီးတဲ့နောက်၊ ထရပ်ကားများသည် မြောက်ဘက်ကို ဆက်သွားသည့်ဟု ငါးခူရ ကျေးရွာသားများ က ပြောဆိုသည်။

ဤ စစ်တပ်လှုပ်ရှားမှုသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ မှစတင်၍ နယ်မြေအတွင်း ပထမဆုံး တပ်ဖြန့် ချထားမှု ဖြစ်သည်။ ကုလားတန် သတင်းဌာန မှ မောင်တောတောင်ပိုင်းသို့ မြန်မာစစ်တပ် ၂၀၀၀ ခန့် သည် သင်္ဘောဖြင့်ရောက်ရှိလာပြီးနောက် မောင်တောမြောက်ပိုင်းသို့ ငါးဖမ်းစက်လှေဖြင့် သယ်ယူပို့ဆောင်ခဲ့သည့် သတင်း တပုဒ်ကို ဖော်ပြခဲ့သည်။ ထိုတပ်များသည် ၂၀၁၇ ခုနှစ်မှစ၍ ရိုဟင်ဂျာ လူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၏ သက်သေအထောက်အထားများကို ဖျက်ဆီးပစ်ခဲ့ကြောင်း တင်ပြခဲ့သည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် ဘူးသီးတောင် မြို့နယ်၊ စိုင်တောင်ကျေးရွာ အနီးပတ်ဝန်ကျင်ရှိ ကျေးရွာများမှ ရွာသားများသည် ရခိုုင်တပ်မတော်နှင့် တိုက်ပွဲများ ရပ်ထားသည့် နှစ်လ အချိန်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်တပ်တပ်များသည် ၎င်းတို့နယ်မြေအတွင်း ကင်းလှည့်နေသည်ဟု ရွာသားများပြောဆိုသည်။ ဤကဲ့သို့ လှုပ်ရှားများသည် ၎င်းဒေသတွင် ပဋိပက္ခများ မကြာမီထပ်မံဖြစ်ပွားလိမ့်မည်ဟုဆိုသည်။

January 29, 2026
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံက တင်ပြနေသည့်...
January 28, 2026
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဆက်လက်ကျင်းပလျက်ရှိသည့် ဂမ်ဘီယာနိုင်ငံက တင်သွင်းထားသော...
January 26, 2026
နိုင်ငံတကာတရားရုံး (ICJ)တွင် ဂမ်ဘီယာနိုင်ငံက တင်သွင်းထားသော ရိုဟင်ဂျာ လူမျိုးစုအပေါ်...
January 23, 2026
မလေးရှားအစိုးရသည် ဒုက္ခသည်များအတွက် မှတ်ပုံတင်စနစ်အသစ်တစ်ရပ်ကို ဇန်နဝါရီလ ၁ ရက်မှ...