ကမ္ဘာ့ရာဘာဈေး ဒေါ်လာ ၈ဝဝ အထိ ဈေးတက်လာသော်လည်းမြန်မာ့ရာဘာဈေးကွက်အေးနေဆဲ

ကမ္ဘာ့ရာဘာဈေး ဒေါ်လာ ၈ဝဝ အထိ ဈေးတက်လာသော်လည်းမြန်မာ့ရာဘာဈေးကွက်အေးနေဆဲ

စောမြတ်ဦးသာ — ရာဘာအမျိုးအစား Ribbed Smoked Sheets (Rss3) တစ်တန်ကို အမေရိကန်ဒေါ်လာ ၈ဝဝ အထိ ဈေးနှုန်းမြင့်တက် လာသော်လည်း ပြည်တွင်းထုတ် မြန်မာ့ရာဘာဈေးနှုန်းမှာ ပြောင်းလဲမှုမရှိသေးကြောင်း ရာဘာအဝယ်ဒိုင်များထံမှ သိရသည်။

နိုင်ငံတကာဈေးကွက်အပေါ် မိုခိုနေရသည့် မြန်မာ့ရာဘာလုပ်ငန်းသည် Rss3 ရာဘာအမျိုးအစား ၁ပေါင်လျှင် ပြည်တွင်းဝယ် ဈေးကျပ် ၇၅ဝ ဝန်းကျင်၊ အထူကြမ်းပြား ၁ ပေါင်လျှင် ကျပ် ၆ဝဝ ဝန်းကျင်သာ ဈေးနှုန်းရှိသည့်အတွက် ဈေးကွက်ပြောင်းလဲမှု မရှိဟု မွန်ပြည်နယ် မုဒုံမြို့ ရာဘာအဝယ်ဒိုင် စောတာမူးက ပြောသည်။

၎င်းက “ရာဘာ အထူပြား ၆ဝဝကျပ်၊ အပါးချောပြားက ၆၇ဝ ဝယ်တယ်။  အလွတ်ပြား Rss3 က ၇ဝ၀ကျော်လောက်ပဲ ဈေးရှိတယ်။ အထူပြားနဲ့ အပါးပြား ဈေးသိပ်မဟနေဘူးပေါ့နော်။ အဲ့ကြောင့် တောင်သူတွေက အကြမ်းပြားအထူတွေ လုပ်နေကြတယ်။ တရုတ်တွေက အထူပြားတွေကို ဈေးကောင်းပေးပြီး ဝယ်တယ်။ ဒီနှစ်လည်း ဈေးအပြောင်းအလဲ တော့ သိပ်မရှိပါဘူး။”ဟု နိုဝင်ဘာ ၂ရက်နေ့က ကေအိုင်စီသို့ ပြောသည်။

Rss3 အမျိုးအစားရာဘာ ၁ တန်လျှင် ယခင်နှစ်က ကမ္ဘာ့ပေါက်ဈေး ဒေါ်လာ ၁၆ဝဝ ဝန်းကျင်သာ ဈေးရရှိခဲ့ပြီး ယခု နှစ်ရာဘာ အစေးခြစ်ရာသီအစတွင် ဒေါ်လာ ၂၄ဝဝ အထိ ဈေးနှုန်းမြင့်တက်လာသော်လည်း အရည်အသွေးကောင်း သည့် မြန်မာ့ရာဘာထုတ်ကုန်များကို ထိုင်းနိုင်ငံမှ ဈေးကောင်းပေးဝယ်ယူကာ နယ်စပ်များတွင် တရားမဝင် မှောင်ခို ဈေးကွက် တင်ပို့မှုများရှိလာသည့်အတွက်  ပြည်တွင်းရာဘာဈေးကွက် ဈေးနှုန်းမတည်ငြိမ်မှုများဖြစ်လာသည်ဟု ရာဘာလုပ်ငန်းရှင်အသင်းထံမှ သိရသည်။

မြန်မာနိုင်ငံ ရာဘာလုပ်ငန်းထုတ်လုပ်သူများအသင်း အတွင်းရေးမှူးဦးခိုင်မြင့်က “ကျနော်တို့နိုင်ငံထုတ်ရာဘာတွေက နိုင်ငံတကာမှာရောင်းရင် ၁ တန်ကို ဒေါ်လာ ၄ဝဝ လောက် လျှော့ရောင်းရတယ်။ အရည်အသွေးမကောင်းလို့ပေါ့နော်။ အရည်အသွေး ကောင်းတဲ့ရာဘာတွေကို ထိုင်းနိုင်ငံမှာ ၁ ပေါင် မြန်မာငွေ ၁၂ဝဝ ကျပ်လောက်ရှိတယ်။ ပြည်တွင်းမှာ ၈ဝ၀ ၊ ၈၅ဝ ပေးဝယ်ပြီးတော့ ထိုင်းဘက်ကို မှောင်ခိုပို့ကြတယ်။ ပြည်တွင်းဈေး ကမောက်ကမဖြစ်တယ်။”ဟု နိုဝင်ဘာ ၂ရက်နေ့က ကေအိုင်စီသို့ ပြောသည်။

ကမ္ဘာ့ရာဘာအများဆုံးထွက်ရှိသည့် ထိုင်း၊ မလေးရှားနိုင်ငံတို့တွင် ကိုဗစ်ကြောင့် အလုပ်သမားရှားပါးမှုနှင့် ရာသီဥတု ဒဏ်တွေကြောင့် ယခုနှစ် ရာဘာအထွက်နှုန်းနည်းလာပြီး ကမ္ဘာ့တာယာထုတ်စက်ရုံများကလည်း ဈေးမြှင့်တင် ပေးဝယ်မှုများကြောင့် နိုင်ငံတကာရာဘာဈေးကွက် မြင့်တက်လာရခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်အသင်းထံမှ သိရ သည်။

“အရင်နှစ်ကထက်တော့ ဈေးနည်းနည်းပြန်တက်တယ်။ အခု အထူပြားတွေ ၆ဝဝကျော်လောက် ဈေးရှိတယ်။ နှစ် ခေါက် ရောင်းပြီးသွားပြီ။ ၅၉ဝ တစ်ခါ၊ ၆ဝဝ တစ်ခါ ဈေးရတယ်။ အရင်နှစ် ခုချိန် ၅ဝဝကျော်လောက်ပဲ ဈေးရှိတယ်။ အနည်းဆုံး ၇ဝဝလောက် ဈေးငြိမ်ပေးရင် အဆင်ပြေမှာပေါ့လေ။”ဟု ရာဘာခြံရှင် ဦးလှခိုင်က ကေအိုင်စီသို့ ပြော သည်။

၂ဝ၁၉ ခုနှစ်တွင် မြန်မာရာဘာ တန်ချိန် ၂ သိန်းကျော် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့သည့်အနက် တရုတ်နိုင်ငံကို ၇၅ အထိ အများဆုံးတင်ပို့ခဲ့ကြပြီး အိန္ဒိယ၊ စင်ကာပူ၊ ကိုရီးယား၊ မလေးရှား၊ ဂျပန်နိုင်ငံများသို့လည်း တင်ပို့ခဲ့ကြသည်ဟု မြန်မာနိုင်ငံ ရာဘာလုပ်ငန်းထုတ်လုပ်သူများအသင်းထံမှ သိရသည်။

May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...