Howa တိုက်ပွဲတွင် မြန်မာ စစ်တပ်မှ ဗိုလ် ၂ ဦးကျ၊ စစ်ကြောင်းမှုး ထိခိုက်

Howa တိုက်ပွဲတွင် မြန်မာ စစ်တပ်မှ ဗိုလ် ၂ ဦးကျ၊ စစ်ကြောင်းမှုး ထိခိုက်
by -
ကေအဲန်ဂျီ
သောကြာနေ့  ရှမ်းမြောက် Mungbaw (မုံဘော်)၊ Howa Bum ရွာဟောင်းမှာ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၃၆ နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်း မြန်မာစစ်တပ်မှ ဗိုလ် ၂ ဦးကျဆုံးပြီး စစ်ကြောင်းမှုး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအပြီး ၃ ရက် အကြာ ယနေ့ တနင်္ဂနွေနေ့မှ ဒဏ်ရာ ရရှိသူ ၂ ဦးကို ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

၎င်း ထိခိုက်သေဆုံးသည့် စစ်သားများသည် Mungbaw (မုံဘော်)၊ Mai Hpang (မိုင်ဖန်) အခြေစိုက် တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၂ မှ ဖြစ်ကြောင်း KIA တပ်မဟာ ၆ မှ အတည်ပြု ပြောပါသည်။
 
အဆိုပါ စစ်ကြောင်း သည် မတ်လ ၂၄ ရက် သောကြာနေ့ Manping (မန်ပင်း)မှ Howa Bum ရွာဟောင်း ဘက်ကို တက်လာစဉ် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
 
မြန်မာစစ်တပ်ဘက် အထိအခိုက် များပြားခဲ့သဖြင့် ၎င်းတို့ စခန်း ဘက်ကို ပြန်လည် နောက်ဆုတ်သွားသည်။ စနေနေ့ ထပ်မံပြီး သေဆုံး ထိခိုက်သူများကို သယ်ယူရန် တက်လာစဉ် KIA တပ်ရင်း ၃၆ တပ်များနှင့် ၁ နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ရည်ရွယ်ချက် မအောင်မြင်ဘဲ ထပ်မံ နောက်ဆုတ်ခဲ့ရသည်။
 
MNDAA ကိုးကန့် ဒေသမှာ KIA ပါဝင်သော မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance – Burma) နှင့် မြန်မာ စစ်တပ် ကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ မှ စတင်ပြီး နေ့စဉ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပါသည်။

ရှမ်းပြည် အရှေ့ပိုင်း ကိုးကန့် ဒေသ နှင့် သံလွင်မြစ်သာ ခြားသည့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ Munggu (မုံကိုး) ဒေသ ဘက်ကိုလည်း မြန်မာစစ်တပ် ၏ စစ်ရေး လှုပ်ရှားမှု အခြေအနေပေါ် မူတည်ပြီး တိုက်ပွဲ ပြန်များလာ နိုင်ကြောင်းကို KIA တပ်မဟာ ၆ နှင့် ဒေသခံများ ပြောပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...