ကျွန်းစုတွင် USDP နှင့် UBP ပါတီ၏ အောင်နိုင်ရေး ဆိုင်းဘုတ်ဖျက်ဆီးသူကို USDPပါတီဘက် က ရဲစခန်းတွင်အမှုဖွင့်ထား

ကျွန်းစုတွင် USDP နှင့် UBP ပါတီ၏ အောင်နိုင်ရေး ဆိုင်းဘုတ်ဖျက်ဆီးသူကို USDPပါတီဘက် က ရဲစခန်းတွင်အမှုဖွင့်ထား

မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ဘန္ဒနဲ့ကျေးရွာအုပ်စု၊ကျောက်တန်းငယ်ကျေးရွာအတွင်း စိုက်ထူးထားသည့်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့၏ ပါတီအောင်နိုင် ရေးဆိုင်း ဘုတ်များဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ပါတီဆိုင်းဘုတ်ကို ဖျက်ဆီးခံရမှုသည် ရဲအရေးပိုင်သည့် အမှုဖြစ်သည့်အတွက် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် အမှုဖွင့်အရေးယူပေးရန် တိုင်ကြားထားကြောင်း ပါတီဥက္ကဋ္ဌ ဦးငွေထွန်းက ပြောသည်။

ကိုယ်စားလှယ်လောင်းများ၏ မြေစိုက်ဆိုင်းဘုတ် သုံးခုအနက် နှစ်ခုကို အောက်တိုဘာ ၁၄ရက်နေ့ နေ့လယ် ၂နာရီခန့်အချိန်က အမျိုးသားတစ်ဦးမှ ဓားဖြင့်ခုတ်လှဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဆိုင်းဘုတ်များအား ဖျက်ဆီးသူမှာ ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ရပ်ကျေးစည်း ရုံးရေးမှူးဖြစ်ကြောင်း မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဥက္ကဌ ဦးငွေထွန်းက စွပ်စွဲပြောဆိုသည်။

 “ပါတီ ၃ ခု ထောင်ထားတဲ့ အထဲက ကျွန်တော်တို့ ပါတီအပါဝင် ပါတီ ၂ ခုက ဖျက်ဆီးခံရတာ ဖြစ်ပါတယ်၊ ဖျက်ဆီးတဲ့သူက ကျွန်တော်တို့ သိရတာက NLD ပါတီဝင် ရပ်ကျေး စည်းရုံးရေးမှူးလို့ သိရပါတယ်”ဟု ဥက္ကဋ္ဌ ဦးငွေထွန်းက ပြောသည်။

ထိုသို့ ပါတီကိုယ်စားလှယ်လောင်းဆိုင်းဘုတ်ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက အမှုဖွင့်ထားသည့်အတွက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် အမှုဖွင့်တိုင်ကြားခြင်းမျိုး မရှိ ကြောင်း UBP ပါတီတာဝန်ခံ ဦးဇော်မင်းလေးက ပြောသည်။

“ပါတီ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်ကို ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး၊ USDPကပဲ အမှုဖွင့်တာထား ဖြစ်တာကြောင့် ကျွန်တော်တို့ ပါတီအနေနဲ့တော့ အမှုဖွင့်တိုင်ကြားထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ပါတီ ဗဟိုကိုတော့ တင်ပြထားတယ်”လို့ ကျွန်းစုမြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၏ မြို့နယ် တာဝန်ခံ ဦးဇော်မင်းလေးက ပြောကြားသည်။

ပါတီကိုယ်စားလှယ်လောင်းဆိုင်းဘုတ်များအား ဖျက်ဆီးသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ရပ်ကျေးစည်း ရုံးရေးမှူးဖြစ်ကြောင်း တစ်ဖက်ပါတီများဘက်မှ စွပ်စွဲထားသော်လည်း NLD ပါတီဘက်ကမူ ကျူး လွန်သူမှာ သာမန်အရပ်သားတစ်ဦးသာဖြစ်ကြောင်းနှင့် ၎င်းဆိုင်းဘုတ်ဖျက်ဆီးသူမှာ စိတ်မနှံသူ ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်လှယ်လောင်းအဖြစ် ဝင်ရောက်ရွေးခံမည့် ဒေါက်တာ ထူးနေအောင်က တုန့်ပြန် ပြောဆိုသည်။

“ပါတီ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ကို ဖျက်ဆီးခံရတာက တစ်ဖက် ပါတီ ၂ ခုက စွပ်စွဲ ပြောဆိုနေသလိုမျိုး ကျွန်တော်တို့ ပါတီက ပါတီဝင် စည်းရုံးရေးမှူး မဟုတ်ပါဘူး၊ သူက သာမာန် ပြည်သူ တစ်ဦးသာ ဖြစ်တယ်”ဟု ကျွန်းစုမြို့နယ် NLD ပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ထူးနေအောင်က ပြောသည်။

လက်ရှိတွင် ပါတီကိုယ်စားလှယ်လောင်းဆိုင်းဘုတ်အား ဖျက်ဆီးသူကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါ တီဘက်က အမှုဖွင့်အရေးယူပေးရန် တိုင်ကြားထားခြင်းကြောင်း ၎င်းကျူးလွန်းသူကို ကျွန်းစုမြို့နယ်ရဲစခန်းသို့ ပို့ဆောင်ပြင်ဆင်ထားကြောင်း နယ်မြေရဲစခန်း၏ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားသည့် ကျေးရွာသည် ကျွန်းစုမြို့နယ်မဲဆန္ဒနယ် အမှတ် (၂ )နယ်မြေအတွင်းဖြစ်ပြီး ၊ ၎င်း မဲဆန္ဒနယ်တွင် NLD၊ USDP နှင့် UBP ပါတီတို့က နိုဝင်ဘာလ ၈ရက်တွင် ပြုလုပ်မည့် ၂၀၂၀အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...