ဦးအယ်လ်ဖောင်းရှိုကို လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က လွိုင်ကော် ရဲစခန်းမှာ တိုင်ကြား

ဦးအယ်လ်ဖောင်းရှိုကို လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က လွိုင်ကော် ရဲစခန်းမှာ တိုင်ကြား

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ငွေကြေး သုံးစွဲမှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် လွိုင်ကော် မြို့မရဲစခန်းတွင် အောက်တိုဘာလ ၁၀ ရက်နေ့က တိုင်ကြားထား ကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

စက်တင်ဘာလ ၃၀ ရက်နေ့က အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အကြောင်းပြန်ကြားထားသည့် စာအရ ဦးအယ်လ်ဖောင်းရှိုကို ယခုကဲ့သို့ တိုင်ကြားခြင်း ဖြစ်ကြောင်း ဆိုသည်။

“ပြန်လာစာထဲမှာ ထူးခြားတာ ဘာရေးထားသလဲဆိုရင် သက်ဆိုင်ရာ ဌာနကနေပြီးတော့မှ တည်ဆဲဥပဒေနဲ့ အရေးယူဆောင်ရွက်ပါဆိုတဲ့ စာပါလာတယ်။ အဲဒီစာအရပဲ ကျွန်တော်ဖတ်ပြီးမှ ရဲစခန်းမှာ အမှုတိုင်ကြားတာ” ဟု ဦးသဲရယ်က အောက်တိုဘာလ ၁၂ ရက် ပြည်နယ်လွှတ်တော်ရုံးတွင် သတင်းထောက်များအား တွေ့ဆုံစဉ် ပြောကြားသည်။

လွိုင်ကော် မြို့မရဲစခန်းသို့ ကိုယ်တိုင် အမှုတိုင်ကြားသူ ဦးသဲရယ်က လတ်တလောတွင် ရဲစခန်းက အမှုဖွင့်ပေးခြင်း မရှိသေးကြောင်း ပြောသည်။

“ဥပဒေရဲ့ အသွားအလာအရ ဆိုလို့ ရှိရင်တော့ ဒါ သွားတိုင်တာနဲ့ကို ချက်ချင်း အမှုဖွင့်ပေးရဆိုတာ ကျွန်တော်တို့ သိရတာပေါ့လေ။ ဒါပေမယ့် အခုက ရဲစခန်းက အချိန်ဆွဲတာတော့ ဘာသဘောလဲ မသိဘူးပေါ့။ တိုင်ရတဲ့ အကြောင်းအရင်ကတော့ ဒီ စက်ယန္တရားနဲ့ ငွေကြေးကိစ္စတွေပါပဲ၊ တခြား မပါဘူး” ဟု ဦးသဲရယ်က ရှင်းပြသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ အကြောင်း ပြန်ကြားသည့်စာတွင် သက်ဆိုင်ရာဌာနမှ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ကိစ္စဖြစ်ကြောင်း ဖော်ပြပါရှိသည်။  

ဦးသဲရယ်သည် ကယားပြည်နယ် ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှု၌ ကယားပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...