COVID-19 သံသယ လက္ခဏာပြသူတိုင်းကို စစ်ဆေးပေးမည့် Testing center ရန်ကုန်တွင်ဖွင့်လှစ်

COVID-19 သံသယ လက္ခဏာပြသူတိုင်းကို စစ်ဆေးပေးမည့် Testing center ရန်ကုန်တွင်ဖွင့်လှစ်

ဖျားနာခြင်း၊ အနံ့ပျောက်ခြင်း စသည့် COVID-19 သံသယ လက္ခဏာပြသူတိုင်းကို ရောဂါစစ်ဆေးပေးမည့် Testing Center အသစ်ကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင် ဖွင့်လှစ်ထားပြီဖြစ်သည်။ 

ရန်ကုန်မြို့တွင် ပထမဦးဆုံးအနေဖြင့် Test Center အသစ်ကို အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်ကာ ဧရာဝတီ COVID  Center နှင့်တွဲလျက် ဖွင့်လှစ်ခြင်းဖြစ်သည်။

သံသယလူနာများအား Test Kit ဖြင့်စစ်ဆေးပေးခြင်းများကို အောက်တိုဘာ ၁၁ ရက်နေ့မှစတင်ကာ မနက် ၈နာရီမှ ညနေ ၆ နာရီအတွင်း တစ်ရက်လျှင် လူဦးရေ ၁၃၀ ခန့်အထိစစ်ဆေးပေးနိုင်ရန် ရည်မှန်းထားကြောင်း ဧရာဝတီစင်တာ ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စိုးက ပြောသည်။  

 “သူတို့ကိုအချိန်တွေခွဲထားတယ်။ လူတွေမပြုံအောင်လို့။ ကျန်းမာရေးဝန်ထမ်းတွေ၊ စင်တာတွေမှာ တာဝန် ထမ်းဆောင်သူတွေ၊ တာဝန်ထမ်းဆောင်ပြီးတဲ့ ဝန်ထမ်းတွေကို အရင်ဦးစားပေးစစ်မယ်။ ပြီးရင် သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ သာကေတ အဲ့ဒေသကလူတွေကိုစစ်မယ်။ အဲ့တာလေးတွေတော့ အရင်လျာထားပါတယ်” ဟု ဒေါက်တာကောင်းမြတ်စိုးက ပြောသည်။

ပထမဦးဆုံးစစ်ဆေးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့တွင် အတည်ပြုလူနာ လေး ဦးကို တွေ့ရှိခဲ့ကြောင်း ဧရာဝတီစင်တာမှသိရသည်။  

စစ်ဆေးမှုခံယူနိုင်ရန်အတွက် Website မှတဆင့် အချက်အလက်ပြည့်စုံစွာ ဖြည့်သွင်း၍ ကြိုတင်လျှောက် ထားရမည်ဖြစ်သည်။  

စစ်ဆေးမှုခံယူရမည့် သူများထံသို့ QR Code၊ Patient ID နှင့် လာရောက်စစ်ဆေးရမည့် နေ့ရက်၊ အချိန်တို့ကို ကာယကံရှင်၏ ဖုန်းနံပါတ်သို့ SMS ပေးပို့ သွားမည်ဖြစ်ပါသည်။

ယခင်က အနံ့ပျောက်၊ ဖျားနာ လက္ခဏာရှိသူများ ဖျားနာအထူးကုဆေးခန်းများတွင်သွားရောက်ပြသပါက COVID စစ်ဆေးရန်မှာ အကန့်အသတ်ရှိ၍ နေအိမ်သို့ပြန်လွတ်ခဲ့ရသည်များရှိခဲ့သည်။  

ထိုသို့လူနာများကို Test Kit များဖြင့် စောစောစီးစီးစစ်ဆေး၍ ပိုးတွေ့ခဲ့ပါက ကုသမှုပေးနိုင်ရန်နှင့် လိုအပ်သောကွာရန်တင်းများဆောင်ရွက်နိုင်ရန် Test Center ကိုဖွင့်လှစ်ရခြင်းဟုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်း နိုင်စိုး ကပြောသည်။

သို့သော် သာမန်လူကောင်းတစ်ဦးမှ သံသယရှိသည်ဟုဆိုကာ ပြသခြင်းမျိုးမပြုလုပ်ဘဲ သံသယရောဂါ လက္ခဏာများပြမှ သာ လာရောက်စစ်ဆေးကြရန်ကိုလည်း မေတ္တာရပ်ခံထားသည်။  

“ သာမန် လက္ခဏာမပြတဲ့လူကောင်းတစ်ယောက်သွားပြရင်တော့ ၇၀ ရာခိုင်နှုန်းလောက်မိနိုင်တယ်။ ခုဏကပြောတဲ့ လက္ခဏာပြတယ်ပေါ့။ သံသယ လူနာထဲဝင်သွားပြီဆိုရင်တော့ သူက ၉၀ ရာခိုင်နှုန်းလောက်ကို မိတယ်။ ဘာပဲပြောပြောပေါ့။ လက္ခဏာပြတဲ့သူတွေအတွက်ကတော့ နံပတ် ၁ ဦးစားပေးပြောရမှာပေါ့။။ သွားပြသင့်တဲ့နေရာဖြစ်ပါတယ် ” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။  

လူနာများအနေဖြင့် လာရောက်ပြသချိန်တွင် စစ်ဆေးရန်လိုအပ်သူဟု ယူဆရပါက ချက်ချင်းစစ်ဆေးကာ ဓါတ်ခွဲအဖြေပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်းသိရသည်။  

အဆိုပါ လုပ်ငန်းအတွက် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန်များအသင်းနှင့် ပုဂ္ဂလိကဆေးရုံများမှ စေတနာ့ဝန်ထမ်း ကျန်းမာရေးပညာရှင်များအပါအဝင် လည်ပတ်နေဆဲဖြစ်သော အခြားကွာရန်တင်းစင်တာများမှ စေတနာ့ဝန်ထမ်း စုစုပေါင်း အင်အား ၄၀ ဦးခန့်က ဝင်ရောက်လုပ်အားပေးသွားကြမည်ဖြစ်သည်။

လာရောက်ပြသစစ်ဆေးလိုသူများ စာရင်းပေးသွင်းရမည့် နံပါတ်မှာ ၀၁ ၄၇၀၅၅၅၅ တို့ကိုလည်း ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...