မြိတ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ဖျက်ဆီးခံရ

မြိတ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ဖျက်ဆီးခံရ
ဒီမိုးသွေး (မြိတ်)
ဒီမိုးသွေး (မြိတ်)

မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုံအတွင်းရှိ အေးချမ်းသာယာရပ်ကွက်တွင် အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းက မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ဖျက်ဆီးခံထားရကြောင်း ယင်းပါတီမှ တာဝန်ရှိထံမှ သိရ သည်။

မွန်ညီညွတ်ရေးပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်အောင်မျိုးက“ကျွန်တော်တို့ မွန်ပါတီ အနေနဲ့ လူနည်းစု ဖြစ်ပါတယ်၊ အခုလို ရည်ရွယ်ချက် ရှိရှိနဲ့ ဖျက်ဆီးတယ် ဆိုတာက စဉ်းစားစရာ ဖြစ်နေ တယ်၊ နောက်ပြီး ဘယ်လို အကြောင်း ကြောင်းကြောင့် ဖျက်ဆီးခံရတယ် ဆိုတာ မပြောတတ်ဘူး”ဟုပြောဆိုသည်။

အဆိုပါ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်မှာ အနံ ၄ လက်မနှင့် အလျှား ၆ ပေ ရှိသည်ဟု သိရ သည်။

“ပါတီ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး၊ အရေးယူ စစ်ဆေးဖို့ မရှိသေးပါဘူး၊ ဒါပေမယ့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးကိုတော့ အသိပေး အကြောင်း ကြားထားတယ်”လို့ ၎င်းက ထပ်လောင်း ပြောဆို သည်။

လက်ရှိမှာ MUP အပြင် UBP၊ PPP၊ UDP၊ NLD တို့သည်လည်း ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်တွေကို ဖျက်ဆီးခံထားရသည်။

မြိတ်မြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၉ ခုက ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ် သည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...