သတ်မှတ်ရက်အတွင်း လုပ်ခလစာ ထုတ်မပေးသည့် (CMP) စက်ရုံများကို အလုပ်သမားများသမဂ္ဂ ညှိနှိုင်းနေ

သတ်မှတ်ရက်အတွင်း လုပ်ခလစာ ထုတ်မပေးသည့် (CMP) စက်ရုံများကို အလုပ်သမားများသမဂ္ဂ ညှိနှိုင်းနေ

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလအတွင်း ဖွင့်လှစ်ခွင့်မပြုသည့်  စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများအနေဖြင့် လုပ်ခလစာထုတ်ယူနိုင်ရန် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း ချုပ်(UMFCCI) က အောက်တိုဘာလ ၇ရက်က ထုတ်ပြန်ခဲ့သည်။

ဝန်ထမ်းများအနေဖြင့် စက်တင်ဘာလအတွက် လုပ်ခလစာကို အောက်တိုဘာ ၈ရက်မှ စတင်ကာ ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စက်ရုံအများစုမှာ အလုပ်သမားများ၏ လုပ်ခလစာကို ထုတ်ပေးလျှက်ရှိသော်လည်း တချို့စက်များ ကမူ အောက်တိုဘာလ ၂၁ ရက်နေ့နောက်ပိုင်းမှသာ ထုတ်ပေးရန် စီစဉ်ထားမှုများရှိနေကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားများသမဂ္ဂများအဖွဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ပြောသည်။

ယင်းသို့လုပ်ဆောင်ပါက စက်ရုံဝန်ထမ်းများသည် စားဝတ်နေရေးအခက်အခဲဖြစ်လာနိုင်ခြင်းကြောင့် လုပ်ခလစာကို အမြန်ဆုံးထုတ်ပေးနိုင်ရန် ၎င်းစက်ရုံလုပ်ငန်းရှင်များနှင့်ဆက်သွယ်ညှိနှိုင်းနေကြောင်း မဖြိုးစန္ဒာစိုးက ပြောသည်။

“တချို့သော စက်ရုံတွေက ထုတ်နေကြပါပြီ။ ဒါပေမယ့် တချို့သော စက်ရုံတွေကလည်း ၂၂ ရက်နေ့မှ ထုတ်ပေးမယ်လို့ ပြောနေတဲ့ ရုံတွေ ရှိတယ်။ အဲဒီစက်ရုံတွေကို ကျမတို့ လိုက်ပြီး ကူပေးတုန်း ရှိပါသေးတယ်။ တုံ့ပြန်မှုအနေကတော့ ပြောမယ်ဆိုရင် ရလာဒ်ကောင်း ရှိပါတယ်။ ၂၂ ရက်နေ့မှ ပေးမယ်ပြောတဲ့ စက်ရုံတွေက ဒီနေ့မှာ ပြန်ပြောတယ်။ ၁၂ ရက်နေ့ ထုတ်ပေးပါမယ်ဆိုပြီး။ ဆိုတော့ တိုးတက်မှုတော့ ရှိပါတယ်။” ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂများအဖွဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ပြောသည်။

လုပ်ခလစာထုတ်ပေးခြင်းမရှိသည့် စက်ရုံများတွင် အစိုးရမှ ညွန်ကြားစာမရရှိသေးခြင်းကြောင့် မထုတ်ပေး ခြင်းဖြစ်ကြောင်း ပြောဆိုသည့် စက်ရုံများရှိသလို အလုပ်ရှင်နှင့်ဆက်သွယ်၍မရသည့် စက်ရုံးများလည်း ရှိနေ ကြောင်း မဖြိုးစန္ဒာစိုးက ပြောသည်။

လက်ရှိတွင် သတ်မှတ်ထားသည့်ရက်အတွင်း လုပ်ခလစာပေးရန် ညှိနှိုင်းနေသည့် (CMP) စက်ရုံ ၁၅ ရုံခန့် ကျန်ရှိသေးကြောင်းလည်း မဖြိုးစန္ဒာစိုးက ဆိုသည်။

အစိုးရက ရန်ကုန်တိုင်းအတွင်းရှိ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ကုန်ကြမ်းယူ၊ကုန်ချောပေး ဆောင်ရွက်ရသော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သူများအနေဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိလည်းကောင်း၊ထို့နောက် အောက်တိုဘာ ၂၁ရက်နေ့အထိလည်းကောင်း နေအိမ်တွင်သာနေထိုင်ကြရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် စက်ရုံဝန်ထမ်းများအား ယခုလို လစာထုတ်ယူခွင့် ပြုလိုက်ခြင်းဖြစ်သည်။

လက်ရှိ လစာထုတ်ပေးမှုသည် လုပ်ခလစာအပြည့်အဝမရရှိဘဲ အလုပ်ဆင်းထားသည့် ၂၃ ရက်စာအတွက်သာ လုပ်ခလစာ ရရှိမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်ရှိ ပေါ်ပြူလာ အထည်ချုပ်စက်ရုံဝန်ထမ်းတစ်ဦးက ပြော သည်။

“အဲဒီ ၂၄ ရက်နေပြီးတော့ ပိတ်တဲ့ ၃၀ ရက်နေ့အထိ အဲဒါကိုတော့ စက်ရုံက မပေးဘူးလေ။ အလုပ်ဆင်းတဲ့ ရက်ခပဲရမှာ။ စက်ရုံတိုင်းက မပေးတာများတယ်။ အဲဒီပိတ်ရက်ခကို မရကြဘူး။” ဟု ၎င်းစက်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုသို့ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ကုန်ကြမ်းယူ၊ကုန်ချောပေး ဆောင်ရွက်ရသော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊အလုပ်ရုံများတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် အလုပ်သမား၏ လုပ်ခလစာများအား ထုတ်ယူ နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစု ကြည်နှင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း ချုပ်(UMFCCI) တာဝန် ရှိသူများက စက်တင် ဘာ ၂၆ရက်က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

စက်ရုံအလုပ်ရုံများ ပိတ်သိမ်းထားသည့် Stay at Home ကာလတွင် လူမှုဖုံလုံရေးကြေးသွင်းထားသည့် ဝန်ထမ်းများအနေဖြင့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ကြေးရရှိမှာ ဖြစ်ပြီး လူမှုဖုံလုံရေးတွင်း အကျုံးမဝင် မှတ်ပုံမတင်ထားသည့် အလုပ်သမားများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ကြေး တစ်ဦးကို ငွေကျပ် (၃၀၀၀၀) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...