အိန္ဒိယနှင့် တရုတ် ထိပ်တိုက်တွေ့မှု မြန်မာအထိ ခြေဆန့်

အိန္ဒိယနှင့် တရုတ် ထိပ်တိုက်တွေ့မှု မြန်မာအထိ ခြေဆန့်

တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းဖြစ်သော Belt and Road Initiative (BRI) အကျိုးကျေးဇူးအားဖြင့် ဒေသတွင်း ဩဇာတည်ထောင်မှု မြင့်တက်လာပြီ ဖြစ်သည်။ ပါကစ္စတန်တွင် ဂဝါဒါဆိပ်ကမ်း၊ သီရိလင်္ကာ တွင် ဟမ်ဘန်တိုတာ ဆိပ်ကမ်းတို့ကို တည်ဆောက်ခြင်းအားဖြင့် ယင်းတို့ကို အသုံးချကာ တရုတ်က အိန္ဒိယကို ကျဉ်းထဲကျပ်ထဲပို့ကာ တန်ပြန်ထားပြီ ဖြစ်သည်။

ပါကစ္စတန်၊ သီရိလင်္ကာနှင့် မော်လ်ဒိုက်ဗ်တို့တွင် အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံခြင်းမှသည် မဟာဗျူဟာကျကျ တည်ရှိနေသော မြန်မာဘက်မှတစ်ဆင့် အန်တုရန် တရုတ်က ကြိုးပမ်းလာသည်။ သို့သော် ဤပြိုင်ဆိုင်မှုတွင် အိန္ဒိယကလည်း လက်နှေးမနေပေ။

နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အလွန် ကျေနပ်အားရဖွယ်ကောင်းသော ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ပြီးနောက် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ရှရင်ဂလာက အိန္ဒိယ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ် အမ် နရာဗန်နီနှင့် အတူ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ ၎င်းတို့၏ ခရီးစဉ်အတွင်း နယူးဒေလီ အစိုးရက ရန်ကုန်တိုင်းဒေသကြီး၊ လန်လျင်မြို့နယ်တွင် အမေရိကန် ဒေါ်လာ ခြောက် ဘီလီယံတန် ရေနံချက် စက်ရုံ တည်ဆောက်ရန် ကမ်းလှမ်းခဲ့သည်ဟု The Times of India သတင်းစာက ဖော်ပြသည်။

နှစ်နိုင်ငံ ဆွေးနွေးမှုများအတွင်း နယ်စပ်ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းထားနိုင်ရန်၊ မိမိပိုင်နက်များအတွင်း မလိုလားအပ်သော လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းကို ခွင့်မပြုရေး နှစ်နိုင်ငံ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြသည်။

ယင်းသို့ ကမ်းလှမ်းမှုက မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဌရင်းနှီးမြှုပ်နှံမှုတွင် ၇၀ ရာခိုင်နှုန်းကျော် မှီခိုနေရသော တရုတ်ကို ဗျူဟာမြောက်တုံ့ပြန်ခြင်းဟု ရှုမြင်ကြသည်။ ပိုးလမ်းမစီမံကိန်းသစ် BRI ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဘေဂျင်းအစိုးရက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကိုလည်း တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နေသည်။ သို့သော် မြန်မာစာရင်းစစ်ချုပ်က တရုတ်ကြွေးမြီများ နစ်နေပြီဟု သတိပေးမှုကြောင့် မြန်မာကနောက်ကို ခြေလှမ်းပြန်ဆုတ်နေခဲ့သည်။    

မြန်မာနိုင်ငံ၏ လက်ရှိ ကြွေးမြီ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံအနက် ဒေါ်လာ လေး ဘီလီယံက တရုတ်ထံတွင် တင်ရှိနေကြောင်း စာရင်းစစ်ချုပ် ဦးမော်သန်းက နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောခဲ့ဖူးသည်။  

တကယ်တမ်းတွင် တရုတ်ချေးငွေ၏ အတိုးနှုန်းသည် ဘဏ္ဌာရေး အဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့နှင့် နှိုင်းစာလျှင် မြင့်နေကြောင်း၊ ထို့ကြောင့် တရုတ်ချေးငွေများကို လက်ရှောင်ကြရန် အစိုးရဝန်ကြီးဌာနများသို့ သတိပေးလိုကြောင်း စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောခဲ့သည်။ မြန်မာသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့် အရင်းရော အတိုးပါ တရုတ်ကို ဆပ်နေရကြောင်းလည်း သူက ပြောသည်။

တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ (CPEC) နှင့် သီရိလင်္ကာ၏ ဟမ်ဘန်တိုတာ ဆိပ်ကမ်း စီမံကိန်းတို့က ယင်းနိုင်ငံများကို တရုတ် အကြွေးထောင်ချောက်ထဲ ပိတ်မိနေစေသော သင်ခန်းစာများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံသည် အိန္ဒိယဘက်သို့ ဦးလှည့်လာသည်။ ထို့အပြင် တရုတ်သည် ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင်များအတွက် လက်နက် ထောက်ပံ့နေသည်ဟု စွပ်စွဲချက်များလည်း ရှိနေသည်။  

တရုတ် ကုမ္ပဏီများကို စီမံကိန်းများ လက်မလွှဲမီ မြန်မာက ယခု သတိထားနေပြီ ဖြစ်သည်။ တရုတ် ရထားလမ်းဖောက်လုပ်ရေး အာယွန် အင်ဂျင်နီယာ အုပ်စု (CREEG) က ဆောက်လုပ်နေသည့် မူဆယ်-မန္တလေး လျှပ်စစ်ရ ထားလမ်း စီမံကိန်းကို စိစစ်ရန် ဆွစ်ဇာလန် ကုမ္ပဏီတစ်ခုက တတိယ အဖွဲ့အစည်း (third party) အဖြစ် ပါဝင်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

တရုတ်နှင့် မြန်မာအစိုးရတို့သည် အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံတန် မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်တွင် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စီမံကိန်းကို အိန္ဒိယနှင့် မြန်မာတို့က အတူပူးတွဲ လုပ်ဆောင်နေပြီဖြစ်သည်။ ယခု အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ရှရင်ဂလာ နှင့် ဗိုလ်ချုပ်ကြီး အမ် အမ် နရာဗန်နီတို့ ခရီးစဉ်အတွင်း မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ဘိုင်ယန်ယု/စာစီချောက်တွင် ပေါင်းကူးတံတားထိုးရန် အမေရိကန် ဒေါ်လာ နှစ်သန်း ကူညီမည်ဟု အိန္ဒိယက ကြေညာသည်။        

ထို့အပြင် မြန်မာအစိုးရက အိန္ဒိယ သူပုန် ၂၂ ဦးကို လွှဲပြောင်းပေးသည့်အပေါ် အသိအမှတ်ပြုကြောင်းလည်း ပြောခဲ့သည်။ နှစ်နိုင်ငံ ဆွေးနွေးမှုများတွင် ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး စည်းလုံးမှုကို ပြသည့်အနေဖြင့် ကိုဗစ်ရောဂါ အရေးပေါ်ကိစ္စများတွင် သုံးရန် ဗိုင်းရပ်စ်ကာကွယ်ဆေး ရမ်ဒီဆီဗာ ၃၀၀၀ ကိုလည်း အိန္ဒိယက မြန်မာသို့ ပေးအပ်ခဲ့သေးသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...