ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်ကို တရားစွဲမည်

ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်ကို တရားစွဲမည်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးပြီးနောက် ပြန်လည် နုတ်ထွက်သွားသည့် ဒီမော့ဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင် (ခ) စဲရယ်ကို မကြာခင် တရားစွဲဆိုသွားမည်ဟု ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက အောက်တိုဘာလ ၆ ရက်နေ့တွင် ပြောသည်။

ဦးသိန်းအောင်ကို မည်သည့်အချိန်တွင် မည်သည့်ပုဒ်မများဖြင့် တရားစွဲဆိုမည်ဟု အသေးစိတ် မပြောသော်လည်း ဥပဒေ ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုသွားမည်ဟု ဦးလှထွေးက ဆိုသည်။

“ဦးသိန်းအောင်ကို ကျွန်တော် တရားစွဲမှာပါ။ မကြာခင်လေ။ ပွင့်ပွင့်လင်းလင်းပြောတာပါ။ တကယ်လုပ်မှာပဲ။ ကျွန်တော်က ပြောလည်းပြော၊ လုပ်လည်း လုပ်တဲ့လူမျိုးပဲ” ဟု ဦးလှထွေးက ပြောသည်။  

ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးနှင့် ဦးအယ်လ်ဖောင်းရှိုတို့၏ အမှုကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် အွန်လိုင်းမှတစ်ဆင့် e-Court စနစ်ဖြင့် ကြားနားအပြီး သတင်းထောက်များကို ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

ဦးလှထွေးက ဆက်လက်ပြီး “သူ (ဦးသိန်းအောင်) က ဥက္ကဋ္ဌ တစ်ယောက်ကိုပဲ လုပ်တာ မဟုတ်ဘဲနဲ့ လွှတ်တော်ကြီး ပုံရိပ်တစ်ခုတောင် ထိခိုက်တဲ့အတွက်ကို ကျွန်တော် ဥက္ကဋ္ဌကြောင့် လုပ်တာ မဟုတ်ဘဲနဲ့ လွှတ်တော်ရဲ့ ပုံရိပ် ကို ပြန်ယူဖို့ ကျွန်တော် စွဲမှာပါ” ဟု ပြောသည်။

ဦးသိန်းအောင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ငါးဦး၊ တနည်းအားဖြင့် လေးပုံတစ်ပုံ၏ လက်မှတ်ရေးထိုး တင်ပြလာသည့်အတွက် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်တွင် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့သည်။ ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေချိန်တွင် ဦးသိန်းအောင်က ပြန်လည် နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက အောက်တိုဘာ ၆ ရက်နေ့ ဦးသိန်းအောင်ကိစ္စ အပါအဝင် အချက် သုံးချက်ကို e-Court စနစ်ဖြင့် နှစ်ဖက် အပြန်အလှန် ကြားနာခဲ့ပြီး အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်မည့်နေ့ရက်နှင့် အချိန်ကို ခုံရုံး နည်းဥပ‌ဒေ (၁၉) အရ ပုံစံ (၈) ဖြင့် ခုံရုံး အင်တာနက် စာမျက်နှာတွင် ထုတ်ပြန်ပေးသွားမည်ဟု သိရသည်။

အဆိုပါ ကြားနာမှုတွင် တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးပြီး ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက ကိုယ်တိုင် ပါဝင် ကြားနားခဲ့သည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...