ညမထွက်ရအမိန့်ထုတ်ထားသော မင်းပြားတွင် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်၍ လူ ၃ ဦးသေ

ညမထွက်ရအမိန့်ထုတ်ထားသော မင်းပြားတွင် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်၍ လူ ၃ ဦးသေ

ညမထွက်ရအမိန့်ထုတ်ပြန်ထားသော ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ‘ခြောက်လှန့်ပစ်ခတ်’ ၍ လူသုံးဦးသေဆုံးပြီး ရခိုင်တပ်အေအေနှင့်ဆက်သွယ်လားဟူသော သံသဖြင့် လူသုံးဦးကို ဖမ်းဆီးထားကြောင်း တပ်မတော်က အင်္ဂါနေ့က ထုတ်ပြန်သည်။

အောက်တိုဘာ ၅ ရက်ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည်ဆိုသော ပစ်ခတ်မှုတွင် " စမ္ဘလေချောင်းကူး ဦးစိုးတင့်တံတားသို့ရောက်ရှိစဉ် ချောင်းအတိုင်း မြောက်မှတောင်သို့ စက်လှေ နှစ်စီး ဖြတ်သန်းမောင်း နှင်သွား သည်ကိုတွေ့ရှိရသဖြင့် ရပ်တန့်ရန်အော်ဟစ်ပြောဆိုသော်လည်း ရပ်တန့်မှုမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးရာ" လုံခြုံရေးတပ်ဖွဲ့က သေနတ်သုံးချက်မိုးပေါ်သို့ပစ်ဖောက်ကာ ရပ်တန့်ခိုင်းခဲ့သည်ဟုဆိုသည်။

သို့သော် " ဆက်လက်မောင်းနှင်ထွက်ပြေးသွားသဖြင့် တံတားနှင့်မီတာ ၅၀ ခန့်အကွာသို့အရောက် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။" ဟု ပါရှိသည်။

မင်းပြားမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ်များတွင် ရခိုင့်တပ်အေအေနှင့် တပ်မတော်တို့၏ တိုက်ပွဲများ စတင် ပြင်းထန်လာချိန်တည်းက ည ၉ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို အစိုးရက ထုတ်ပြန်ထားသည်။

သေဆုံးသွားသူများမှာ အရှေ့မှမောင်းနှင်လာသော စက်လှေပေါ်မှဖြစ်ပြီး ရခိုင်မြောက်ပိုင်း မွတ်ဆလင်များကို အာဏာပိုင်များက ရည်ညွှန်းလေ့ရှိသည့် " ဘင်္ဂါလီအမျိုးသား" များဖြစ်သည်ဟု တပ်မတော်ထုတ်ပြန်ချက်တွင် ပါရှိသည်။ သို့သော် ၎င်းတို့၏နေရပ်စိစစ်ဆဲဟုပါရှိသည်။

အနောက်မှလိုက်ပါလာသော စက်လှေပေါ်မှ လူသုံးဦးကို ဖမ်းဆီးထားရာ မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်နေ မောင်ကြီး(၃၀) နှစ် ၊ ကျော်မင်းစိုး(၂၃) နှစ်၊ မောင်မောင်ဦး(၄၃) နှစ တို့ဖြစ်သည်ဟု ဆိုသည်။

စက်လှေနှစ်စီးလုံးပေါ်မှ သိမ်းဆည်းရမိသော ပစ္စည်းများတွင် လက်နက်ဟူ၍ အရိုးအသွား ၁၀ လက်မခန့်ရှိ ဓါးတစ်ချောင်းနှင့် အရိုးအသွား သုံးပေခန့်ရှိ ဓါးရှည် နှစ်ချောင်းနှင့် လေးခွနှစ်လက်သာဖြစ်သည်။

" ဖမ်းဆီးရမိသူများ၏ တယ်လီဖုန်းများအား အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်မှုရှိ/မရှိ စိစစ်ဆောင်ရွက်လျက်ရှိပြီး" ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော် ဖမ်းဆီးထားသူများမှာ ဖားသတ်ရန်သွားသူများဖြစ်ပြီး သေဆုံးသွားသူများနှင့် သက်ဆိုင်မှုမရှိဟု ဖမ်းဆီးခံခဲ့ရသူ မောင်ကျော်မင်းစိုး၏ ဇနီးဖြစ်သူ မမချေက မဇ္ဈိမသို့ ပြောသည်။

“ဖားသတ်ဖို့သွားကြတာပါ။ ၆ နာရီလောက်က ထွက်သွားကြတယ်။ ၁၀ နာရီကျော်လောက်မှာ အဖမ်းခံရတာ။ နေ့တိုင်းသွားနေကြတာ။ သုံးယောက်လုံးအတူတူသွားကြတာ။ နေ့တိုင်းကတော့ တစ်ခြားတစ်ဖက်ကို သွားနေ ကြတာ။ အဲဒီနေ့ကတော့ ရွာနောက်ဖက်ချောင်းက မင်းပြားချောင်းလေးထဲကို ဝင်သွားကြတာ။ မူဆလင်တွေနဲ့တော့ မဆိုင်ဘူး။ ကိုယ့်ဟာနဲ့ကိုယ်သွားကြတာပါ။”

ရဲဘက်ကလည်း ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သဖြင့် မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မိသားစုအနေဖြင့် မသိရဘဲ ဖြစ်နေသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...