ပလက်ဝသို့ ဆန်အိတ်များပေးပို့နိုင်ရန် စိတ်ချရသည့် လမ်းကြောင်း လုံခြုံရေးဆောင်ရွက်ပေးထားဟု တပ်မတော်ပြော

ပလက်ဝသို့ ဆန်အိတ်များပေးပို့နိုင်ရန် စိတ်ချရသည့် လမ်းကြောင်း လုံခြုံရေးဆောင်ရွက်ပေးထားဟု တပ်မတော်ပြော

 တိုက်ပွဲများနှင့် လမ်းပမ်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဆန်ရိက္ခာပြတ်လပ်နေရသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ မတူပီ-ဆမီး-ပလက်ဝ လမ်းကြောင်းမှနေ၍ ဆန်အိတ်များပေးပို့နိုင်ပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။

“ မတူပီ-ဆမီး-ပလက်ဝ လမ်းကြောင်းကို လုံခြုံမှုရှိအောင် ဆောင်ရွက်ပေးပြီးသားဖြစ်တယ်။ မပို့နိုင်တာက လမ်းကြောင်းအခြေအနေအရပဲဖြစ်မှာပါ။ လုံခြုံရေးအခြေအနေအရတော့ မဖြစ်နိုင်ပါဘူး ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။  

ဆမီး-ပလက်ဝလမ်းကြောင်းမှာ အမြဲလိုလို မိုးရွာနေတတ်သဖြင့်  လမ်းမကောင်းသဖြင့်သာ  ဆန်ပေးပို့ရန် အခက်အခဲရှိနိုင်ပြီး လမ်းကြောင်းလုံခြုံရေးအတွက်မူ တပ်မတော်မှလုံခြုံရေးဆောင်ရွက်ပေးထားကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။  

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လွန်ခဲ့သော တစ်ပတ်ကျော်ခန့်ကပင် ဆန်ရိက္ခာ ပြတ်လပ်သွားသဖြင့် ဆန်များ အမြန်ဆုံးပေးပို့ရန်လိုအပ်နေကြောင်း ချင်းလူမှုအဖွဲ့အစည်းများမှပြောသည်။  

လက်ရှိ ဆန်ရိက္ခာပြတ်လပ်နေသည့် ပလက်ဝမြို့နယ်သို့ပို့ဆောင်ရန် ဆန်အိတ် ၈၅၀ မှာ လုံခြုံရေးကြောင့် မပို့နိုင်သေးဘဲ ဆမီးမြို့ပေါ်တွင် သောင်တင်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။  

“ပလက်ဝမြို့ပေါ်မှာ ဆန်မရှိတော့ဘူး။ လုံးဝမရှိတော့ဘူးဗျ။ တစ်ယောက်နဲ့တစ်ယောက် ဖလှယ်ပြီးဝယ်စားဖို့တောင် ဆန်တစ်အိတ်ကို ၆၀ ၀၀၀, ၆၅ ၀၀၀ နဲ့တောင် ဝယ်စရာမရှိဘူး။ အခုနောက်ဆုံးဆို ၇၅ ၀၀၀ တောင်ဖြစ်နေပြီလို့သိရတယ်” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။  

ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း ပလက်ဝမြို့မှဒေသခံများကို လတ်တလော အကူအညီမပေးနိုင်သဖြင့်  ဆန်ပေးပို့နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရသို့တင်ပြထားပြီး ဆမီးနှင့် ပလက်ဝအကြား လုံခြုံရေးကန့်သတ်ချက် မရှိပါက ဆန်ရိက္ခာများမြန်မြန်ဆန်ဆန်ပို့ဆောင်နိုင်မည်ဟုလည်း ဦးစိုးထက်က သုံးသပ်သည်။  

ပလက်ဝမြို့တွင် ကျေးရွာပေါင်း ၃၈၀ ကျော်ရှိပြီး လူဦးရေ တစ်သိန်း ကျော်ခန့်နေထိုင်သည့် မြို့ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...