ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများ ၂ ပတ် ယာယီပိတ်သိမ်းရန် တိုင်းဒေသကြီးအစိုးရအမိန့်ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများ ၂ ပတ် ယာယီပိတ်သိမ်းရန် တိုင်းဒေသကြီးအစိုးရအမိန့်ထုတ်ပြန်

စဖန်းရှောင်း — Covid-19 ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက် ရုံအားလုံးကို စက်တင်ဘာလ ၂၄ရက် မှစပြီး အောက်တိုဘာလ ၇ ရက်အထိ ယာယီပိတ်သိမ်းသွားရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှအမိန့် ထုတ်ပြန်ထားသည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အထည်ချုပ်စက်ရုံ ၁၂ ရုံရှိသည့်အနက် ပုသိမ်စက်မှုဇုန်အတွင်းရှိ အထည် ချုပ်စက်ရုံ ၂ ရုံမှ စက်ရုံအလုပ်သမား ၄ ဦးတွင် Covid-19 Positive လူနာတွေ့ရှိပြီးနောက် တိုင်းဒေသကြီး အဆင့် Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီညွှန်ကြားချက်အရ စက်တင်ဘာလ ၂၄ ရက်နေ့ရက်စွဲဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ယခုလိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အထည်ချုပ်စက်ရုံများယာယီပိတ်သိမ်းရေးကိစ္စများနှင့်ပတ်သက်ပြီး “ ရောဂါဆက်လက်ပြန့်ပွား မှုမရှိစေရေး အတွက် စက်ရုံများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စက်ရုံများအား ယာယီပိတ်သိမ်းသွားမည်ဖြစ်ပြီး၊ အဆိုပါစက်ရုံအလုပ်သမားများအနေဖြင့် မိမိအိမ်တွင် Home Stay ၇ ရက်နေထိုင်ရမည်ဖြစ်ကြောင်း” တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးမှ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင်ဖေ့ဘွတ်စာမျက်နှာတွင် တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကန်ကြီးဒေါင့်၊ ဒေးဒရဲ၊ ပုသိမ်စသည့်မြို့နယ်များတွင် အထည်ချုပ်စက်ရုံပေါင်း ၁၂ ရုံနှင့် စက်ရုံအလုပ်သမားပေါင်း ၁၃,၀၄၁ ရှိသည်ဟုသိရပြီး ပုသိမ်စက်မှုဇုန်တစ်ခုတည်းတွင်ပင် အထည်ချုပ် စက်ရုံပေါင်း ၉ ရုံရှိသည်ဟု သိရသည်။

လက်ရှိဧရာဝတီတိုင်းဒေသကြီး တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၏ စက်တင်ဘာလ ၂၄ ရက် နေ့ နံနက် ၉ နာရီအချိန်ထုတ်ပြန်ချက်အရ ပုသိမ် ၅၀၊ ဖျာပုံ ၃၁၊ မအူပင် ၁၉ ၊ ကျောင်းကုန်း ၁၃ဦးဖြင့် အဆိုပါမြို့နယ် ၄ မြို့နယ်အတွင်း Covid-19 Positive ဓာတ်ခွဲအတည်ပြုလူနာ ဦးရေအများဆုံးတွေ့ရှိထား ခြင်းဖြစ်သည်။

ထို့အပြင် တိုင်းဒေသကြီးတစ်ခုလုံးအတိုင်းအတာအရ Covid-19 Positive ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၄၈ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၈ ဦးရှိကြောင်းလည်း တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...