လူ့အခွင့်အရေး ကောင်စီတွင် မြန်မာ့အရေး အစီရင်ခံစာ တင်သွင်း

လူ့အခွင့်အရေး ကောင်စီတွင် မြန်မာ့အရေး အစီရင်ခံစာ တင်သွင်း

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို လူ့အခွင့်အရေး ကောင်စီထံ တင်သွင်းမည် ဖြစ်သည်။

စက်တင်ဘာလ ၁၄ ရက်နေ့ ရန်ကုန်စံတော်ချိန် ညနေ ၄ နာရီခန့်တွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘာရှလေက လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရိုဟင်ဂျာနှင့် အခြားတိုင်းရင်းသား လူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် ၄၂/၃ အရ အဖွဲ့ဝင် ၄၇ နိုင်ငံပါ လူ့အခွင့်အရေးကောင်စီ၏ တောင်းဆိုမှုကြောင့် တင်သွင်းခြင်း ဖြစ်သည်။

အစီရင်ခံစာ တင်သွင်းပြီးနောက် မဟာမင်းကြီး ဘာရှလေ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် အရပ်ဖက် အဖွဲ့ အစည်းများ၏ ကိုယ်စားလှယ် ဒေါ်ခင်ဥမ္မာတို့၏ အပြန်အလှန် ဆွေးနွေးပွဲလည်း ပါဝင်သည်။  

ထို့အပြင် စက်တင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ် ကုမ်ဂျီအမ်ကလည်း IIMM ၏ ဆောင်ရွက်နေမှု နောက်ဆုံး အခြေအနေများ အကြောင်း အစီရင်ခံစာတစ်စောင်ကို သီးခြား တင်သွင်းသည်။ အစီရင်ခံစာတင်သွင်းပြီးနောက် သက်ဆိုင်ရာ နိုင်ငံများအလိုက် ထုတ်ပြန်ချက်များ ထုတ်ပြန်ရန်နှင့် ကိုယ်စားလှယ်များနှင့် NGO အဖွဲ့များ၏ ဆွေးနွေးမှုလည်း ပါဝင်မည် ဖြစ်သည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...