ရခိုင်ပြည်နယ်မှ ပြန်လာသူများ စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထား မဆက်သွယ်ပါက အရေးယူမည်

ရခိုင်ပြည်နယ်မှ ပြန်လာသူများ စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထား မဆက်သွယ်ပါက အရေးယူမည်

ရခိုင်ပြည်နယ်မှ ပြန်လာနောက် သက်ဆိုင်ရာသို့ ဆက်သွယ်ရန် ကျန်ရှိနေသူများ စက်တင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ဖို့ရန်နှင့် ပျက်ကွက်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။  

"တကယ်လို့ ရခိုင်ကပြန်လာတယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို သတင်းပို့ခြင်းမရှိဘဲ အိမ်မှာ ပုန်းနေတယ်၊ အဲ့ဒါကို အားပေးကူညီတယ်ဆိုတာ ပေါ်ပေါက်တယ်ဆိုရင် အရေးယူဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ အရေးယူဖို့ ညွှန်ကြားထားတဲ့ ဥပဒေကတော့ သဘာဝဘေးဖြစ်ပြီးတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေကနေ အရေးယူမှာဖြစ်ပါတယ်" ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆိုသည်။

ယခုကဲ့သို့ အရေးယူမည်ဥပဒေကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဆင့်ဗဟိုကော်မတီက စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ လေယာဉ်ဖြင့် ခရီးသွားရောက်ခဲ့သူ ၅၄၀၉ ဦးရှိသည်။ ကျန်းမာရေးဝန်ကြီးဌာနက တယ်လီဖုန်းနှင့် အဆက်အသွယ် ရရှိခဲ့သူ ၂၆၂၂ ဦး ရှိသော်လည်း ယင်းတို့ထဲမှ ၁၅၇၄ ဦးသာ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်း၊ ဌာနများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများဆီ သတင်းပေးပို့ခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာသို့ ဆက်သွယ် သတင်းပို့ရန် ၃၈၃၅ ဦး ကျန်ရှိနေသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်မှ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများသည် နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများထံ စက်တင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး သတင်းပေးပို့ကြရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကာယကံရှင် ကိုယ်တိုင်ဖြစ်စေ၊ ကာယကံရှင် မည်သူမည်ဝါဖြစ်ကြောင်း သိလျက်နှင့် ဖုံးကွယ်ထားသူများဖြစ်စေ သတ်မှတ်နောက်ဆုံးနေ့တွင် သတင်းပေးပို့ရန် ပျက်ကွက်ကြောင်း တွေ့ရှိရလျှင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသည့် COVID-19 ရောဂါ အတည်ပြုလူနာမှတစ်ဆင့် ဆင့်ပွားကူးစက်သူအချို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောက်ရှိနေကြောင်း စိစစ်တွေ့ရှိရခြင်းကြောင့် သြဂုတ်လ ၁၀ရက်မှ စတင်ပြီး ရခိုင်ပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေသူများ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး မိမိနေရပ်ကို ပြန်လည်ရောက်ရှိနေသူများသည် သက်ဆိုင်ရာ တာဝန်ရှိသည့် အဖွဲ့အစည်း၊ ဌာနနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများထံ သတင်းပေးပို့ကြရန် သြဂုတ်လ ၂၈ ရက်နေ့တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဆင့်ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သေးသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...