ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ပြင်ဆင်ဖြည့်စွတ်ရန် ကြိုးပမ်း

ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ပြင်ဆင်ဖြည့်စွတ်ရန် ကြိုးပမ်း
by -
ကန္တရဝတီ
အစိုးရသစ်လက်ထက် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီက ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့ဥပဒေကို ပြင်ဆင်ရေးဆွဲရန် ကြိုးပမ်းနေကြောင်း သိရသည်။

ကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့ဥပဒေ၏ အားနည်းချက်၊ လိုအပ်ချက်များကို တွေ့ရှိခဲ့ပြီးနောက် ပြန်လည်ပြင်ဆင်ရန် စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ပြန်လည်ပြင်ဆင်ရေးဆွဲထားသော ဥပဒေများကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့အစီအစဉ်တွင် ဥပဒေပြု ရေးဆိုင်ရာကော်မတီက ပြင်ဆင်ရေးဆွဲထားသော ဥပဒေနှင့် ပတ်သက်သည့် အဆိုပါအစီရင်ခံစာကို တင်သွင်းဖတ်ကြားခဲ့သည်။

စည်ပင်သာယာရေးနှင့် သက်ဆိုင်သော အစိုးရတာဝန်ရှိသူများ၊ ပြည်နယ်ဥပဒေချုပ်နှင့် လွှတ်တော်ကော်မတီအဖွဲ့ဝင်များ တွေ့ဆုံကာ ပြင်ဆင်ထားသော ဥပဒေများကို ပြန်လည် သုံးသပ်အတည်ပြုမည်ဖြစ်ပြီး သုံးသပ်ချက်များထွက်လျှင် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသွားမည်ဟု သိရသည်။

၂၀၁၃ ခုနစ်တွင် ကယားပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းခဲ့သော ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့များဥပဒေအား ပြင်ဆင်သည့်ဥပဒေအဖြစ် ပြဌာန်းအတည်ပြုရန် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေ အခန်း (၃ ,၄, ၅,၆, ရ, ၈,၉,၁၀,၁၁) အတွင်းရှိ ပုဒ်မ၊ ပုဒ်မခွဲများအား အခန်းလိုက် ပြင်ဆင်ဖြည့်စွက်ချက်များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...