နိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်တွင် အမျိုးသမီး အနည်းဆုံး ၃၀ ရာနှုန်း ပါ၀င်လာရန် တိုက်တွန်း

နိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်တွင် အမျိုးသမီး အနည်းဆုံး ၃၀ ရာနှုန်း ပါ၀င်လာရန် တိုက်တွန်း
by -
ကန္တရဝတီ
မွန်အမျိုးသမီးအဖွဲ့အစည်းမှ programmer coordinator ဒေါ်မိဆားယားပွိုင့်
မွန်အမျိုးသမီးအဖွဲ့အစည်းမှ programmer coordinator ဒေါ်မိဆားယားပွိုင့်
နေပြည်တော်တွင်ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ အရပ်အဖက်အဖွဲ့အစည်းများဖိုရမ်တွင် အမျိုးသမီးများအနည်းဆုံး ၃၀ရာခိုင်နှုန်းပါ၀င်ရန် တိုက်တွန်းထားကြောင်း CSO ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီတာဝန်ခံ ကိုသွင်လင်းအောင်ကပြောသည်။

“ အရပ်ဘက်အဖွဲ့အစည်းတွေ ဖိတ်ကြားတဲ့ထဲမှာ ၃၀ ရာခိုင်နှုန်းကို အမျိုးသမီးတွေကို ဖိတ်ကြားပေးဖို့ ကျနော်တို့ (TOR )လုပ်ငန်းလမ်းညွန်ထဲမှာကို တရားဝင်ရေးထားပြီးတော့ အဲ့အတိုင်းဖိတ်ကြားဖို့ ကျနော်အားလုံးကို တိုက်တွန်းထားပါတယ်။ မဖြစ်မနေပေးရမယ်ဆိုတဲ့ပုံစံမျိုးကိုထိ တိုက်တွန်းထားတယ် ” ဟု၎င်းကပြောသည်။

လက်ရှိအချိန်ထိ ရရှိထားသောစာရင်းများအရ တနင်္သာရီတိုင်းဒေသကြီးမှ CSOsအကြိုဖိုရမ်တွင် ကိုယ်စားပြုတက်ရောက်မည့် ကိုယ်စားလှယ်(၃၃)ဦးတွင် အမျိုးသမီး(၆)ဦးသာပါ၀င်သည်။

တနင်္သာရီတိုင်းဒေသကြီးအရပ်ဖက်အဖွဲ့အစည်းများဖိုရမ်ဖြစ်မြောက်ရေးကော်မတီ တိုင်းဒေသကြီးတာဝန်ခံ (၃)ဖြစ်သူ ဒေါ်ရီရီထွေးက “ခေါင်းဆောင်ပိုင်းမှာက အမျိုးသမီးအရမ်းနည်းသေးတယ် လောလောဆယ်မှာတော့ အမျိုးသမီး တွေကို train(သင်တန်းပေး) နေရဆဲပဲဖြစ်တဲ့အတွက် အခု CSOs ဖိုရမ်မှာလည်း ကျွန်မတို့ အမျိုးသမီးတွေနည်းနိုင်တယ်။ ဒါပေမယ့် ကျွန်မတို့ အမျိုးသမီးတွေကိုတော့ မဖြစ်ဖြစ်အောင်ဖြည့် ပေးရမယ်။ ဒါမှသာပဲ ဒီအမျိုးသမီးတွေကို တွဲခေါ်ရာရောက်မယ်” ဟု ပြောသည်။

မွန်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများအနေနှင့် CSOsအကြိုဖိုရမ်ကိုတက်ရောက်နိုင်ရန် ရွေးချယ်ထားသောကိုယ်စားလှယ် (၃၅)ဦးတွင် အမျိုးသမီး(၉)ဦး၊ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းကျော်ပါဝင်သည်။

မွန်အမျိုးသမီးအဖွဲ့အစည်းမှ programmer coordinator ဒေါ်မိဆားယားပွိုင့်က “ ကျမတို့က တစ်ခါတစ်ခါ ကျမတို့သုံးနေတဲ့ အဓိပ္ပာယ်ရှိရှိပါဝင်ခြင်းပေါ့ ဟိုမှာရောက်လို့ရှိရင် အမျိုးသမီးအသံ မြှင့်တင်နိုင်ဖို့ ပြီးရင် အမျိုးသမီး အသံထဲမှာမှ အမျိုးသမီးတွေရဲ့ လုံခြုံမှု ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေက ဘယ်လောက်ထိ အရေးပါမှု အဲ့ဒါကို ကျမတို့ high light လုပ်နိုင်မှပဲ ဒီကိုးဦးက ပိုပြီးတော့ မွန်ပြည်နယ်မှာရှိတဲ့အမျိုးသမီးထုတွေအားလုံးပေါ့နော။ ဒီမှာဖြစ်ပျက်နေတဲ့ပြသနာတွေအားလုံးကို သွားပြီးတော့ တင်ပြနိုင်ဖို့ကိုလည်း အရေးကြီးတယ်ပေါ့နော” ဟု သူကပြောသည်။

AGIPP(Alliance for Gender Inclusion in Peace Process)၏ စာရင်းအရ၂၀၁၁-၂၀၁၅ ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါ၀င်ဆောင်ရွက်သော ကော်မတီများ၊ အဖွဲ့များတွင် အမျိုးသမီးပါ၀င်မှု အများဆုံးမှာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့(SD)ဖြစ်ပြီး ထိုအဖွဲ့တွင် ၁၃ဒသမ၃ ရာခိုင်နှုန်း အထိ ပါ၀င်ခဲ့သည်။

အမျိုးသမီးပါ၀င်မှုနှုန်း အနည်းဆုံးအဖွဲ့များမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းဗဟိုကော်မတီ(UPCC) ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC –U)၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တို့တွင် သုညရာခိုင်နှုန်းသာ ရှိသည်။

Myanmar Institute of Gender Studied ၏ စာရင်းအရ၂၀၁၆ ခုနှစ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီး အများဆုံးပါ၀င်မှုသည် ကူညီပံပိုးသူများအဖြစ်သာ ၃၀ ရာခိုင်နှုန်းအထိပါ၀င်ခဲ့ပြီး ပါ၀င်မှုအနည်းဆုံးအဖြစ် ပဲခူးတိုင်းဒေသကြီး JMC – S တွင် သုညရာခိုင်နှုန်းသာရှိခဲ့ သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီးသင့်တင့် လျောက်ပတ်စွာပါ၀င်ရမည်ဟု ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်လက်ထက် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က ဖတ်ကြားသည့် လုပ်ငန်းဆောင်ရွက်ချက် စာတမ်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ်တိုင်းတွင် အမျိုးသမီးမြှင့်တင်ရေး အဆိုပြုချက်အဖြစ် ကဏ္ဍအသီးသီးတွင် ၃၀ရာခိုင်နှုန်းပါ၀င်ရန် အဆိုပြုခဲ့ပြီး နည်းလမ်းပေါင်းစုံဖြင့် အစုအဖွဲ့အသီးသီးက ကြိုးစားရန် တိုက်တွန်းခဲ့သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...