တိုုင်းရင်းသား လက်နက်ကိုုင် ထိပ်သီးညီလာခံ ပန်ခမ်းတွင် ကျင်းပမည်

တိုုင်းရင်းသား လက်နက်ကိုုင် ထိပ်သီးညီလာခံ ပန်ခမ်းတွင် ကျင်းပမည်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ ညီလာခံ တစ်ခုကိုု ပန်ဆန်း (ပန်ခမ်း) တွင် ‘၀’ ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP) က ယခုလ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြု လုပ်မည်ဟု သိရသည်။

UWSP ‘၀’ အဖွဲ့၏ ဌာနချုပ် ပန်ခမ်းတွင် ပြုလုုပ်မည့် အစည်းအဝေးကို တစ်နိုုင်ငံလုံုး ပစ်ခတ်တိုက်ခိုုက်မှု ရပ်စဲရေး စာချုပ် NCA မထိုုးရသေးသည့် တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့အစည်းများကို ဖိတ်ကြားထားသည်ဟုု အစည်းအဝေးသို့ ဖိတ်ကြားခြင်းခံရသည့် ရက္ခိုင့် တပ်မတော် (ULA/AA)မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

“အစည်းအဝေးလုပ်တဲ့ ရည်ရွယ်ချက်ကတော့ အဓိကကတော့ ဒီလက်ရှိ အခြေအနေရဲ့ပေါ့နော စစ်ရေး၊ နိုင်ငံရေး၊ အခြေအနေရဲ့ လိုအပ်ချက်အရ လုပ်တယ်ဆိုတဲ့ ပုံစံမျိုးအနေနဲ့ ပြောလို့ရတယ်။ နောက်ပြီးတော့ “၀” အဖွဲ့အစည်းအနေနဲ့လည်း သူတို့ဖိတ်စာထဲမှာတော့ တတိယအကြိမ်မြောက် ပန်ခမ်းညီလာခံ ဆိုတော့ အရင်လည်း လုပ်ပြီး ပြီးထားတဲ့ အစည်းအဝေးတွေရဲ့ နောက်ဆက်တွဲ အစည်းအဝေးဆိုပြီးတော့ အဲလိုမျိုး ပြောရင်လည်း ရပါတယ်။” ဟု ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်း အောင် မှ ပြောသည်။

အဆိုပါ အစည်းအဝေးနှင့်ပတ်သက်ပြီး အသေးစိတ် အကြောင်းအရာများကို သိရှိနိုင်ရန် “၀” ပြည်သွေး စည်း ညီညွှတ်ရေးပါတီ( UWSP/UWSA) ဌာနချုပ်သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ပန်ဆန်း(ပန်ခမ်း) တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီး အစည်းအဝေးတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခတ်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ် မရေး ထိုးထားသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့ နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC မှ အဖွဲ့ဝင် အချို့ အား ဖိတ်ကြားထားသည်ဟု အေအေ အဖွဲ့က ပြောသည်။

သို့သော် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့ များအား ဖိတ်ကြားသည် မဖိတ်ကြားထားသည်ကို မသိရသေးကြောင့် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင် က ပြောသည်။

“တစ်ခြားအဖွဲ့အစည်းကို ဖိတ်တယ် မဖိတ် ဘူး ဆိုတာတော့ ကျနော်မသိလို့လေ ကျနော်သိ တာကတော့ လောလောဆယ် ကျနော်တို့ကို ဖိတ် တယ် ကျနော်တို့ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ KIA ကချင်၊ တအာင်း(ပလောင်) ရက္ခိုင်ပေါ့နော။ အကုန်လုံး တက်ရောက်မယ်ဆိုတော့ ကျနော်တို့ ၄ ဖွဲ့ သိတယ် ပြီးရင် တစ်ခြား DPN ထဲမှာပါတဲ့ တစ်ချို့ အဖွဲ့တွေ ဖိတ်တယ်ဆိုတော့ ပြီးရင် အဲဒီထဲမှာတော့ တစ်ချို့ အဖွဲ့တွေလည်း ဖိတ်ကြားစာ မရ သေးဘူးဆိုတော့ သူတို့ ဘယ်လိုပုံစံမျိုး အနေအထားနဲ့ ဖိတ်တယ်ဆိုတာကတော့ နည်းနည်းလေး ပြောဖို့ခက်တယ်ခင်ဗျား။”

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ လကုုန်တွင် ကျင်းပရန် ရည်ရွယ်ထားရာမှ မတ်လ သိုု့ ရွှေ့ပြောင်းလိုုက်ပြီး နိုုင်ငံတော် အတိုုင်ပင်ခံ ပုုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က NCA မထိုုးရသေးသည့် တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့အစည်းများကို လက်မှတ်ရေး ထိုုးရန် မကြာသေးခင်က တိုုက်တွန်းခဲ့သည်။

၂၁ ရာစု ပင်လုံုညီလာခံ ဒုုတိယ အကြိမ် အစည်းအဝေး မတိုုင်မီ ယခု ကျင်းမည့် ထိပ်သီးအစည်း အဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ၂ ဦး မှ ၄ ဦး အထိ တက်ရောက်ရန် ၀ အဖွဲ့က ဖိတ်ကြားထားသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ပန်းဆန်း(ပန်ခမ်း) ထိပ်သီး အစည်း အဝေးကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ပထမအကြိမ်၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဒုတိယအကြိမ် နှင့် ယခုကျင်းပမည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့သည် တတိယ အကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်းဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...