ကုန်စျေးနှုန်းမြှင့်တင်ရောင်းချပါက ထောင်တစ်နှစ်ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲဆိုမည်

ကုန်စျေးနှုန်းမြှင့်တင်ရောင်းချပါက ထောင်တစ်နှစ်ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲဆိုမည်
ဓာတ်ပုံ - သန်းထိုက်အောင်
ဓာတ်ပုံ - သန်းထိုက်အောင်

By လာဘ်ရတနာဗိုလ်  - ကုန်ဈေးနှုန်းတိုးမြှင့်ရောင်းချနေကြောင်း တိုင်ကြားမှုများရှိပါက သတိပေးမှုများလုပ်ဆောင်သွားမည်ဖြစ်သော်လည်း ဆက်လက်ရောင်းချနေမည်ဆိုပါက ထောင်တစ်နှစ်ချမှတ်နိုင်သည့် ပုဒ်မဖြင့်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ ဥက္ကဌ ဦးဗအုပ်ခိုင်က မဇ္ဈိမသို့ ပြောသည်။

"ပထမဆုံးအနေနဲ့ ဆရာတို့က အရေးမယူခင် သတိပေးမယ်။ သတိပေးပြီးလို့မှ ဆက်ပြီးတော့ ဒီလိုမျိုး ဈေးနှုန်း မတန်တဆတွေရောင်းချမယ်။ ဆက်ရောင်းနေမယ်ဆိုရင်တော့ စားသုံးသူ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၇၂ အရ ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေ သိန်း ၁၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်။ အဲ့လို ပုဒ်မနဲ့ တရားစွဲလို့လည်းရတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း အဲ့ဆိုင်တွေရဲ့ အမည်စာရင်းကို မီဒီယာကနေပြီး blacklistကြေငြာသွားမယ်။ အဲ့လိုကြေငြာတာများ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူတာမျိုး လုပ်ဖို့ရှိပါတယ်" ဟု ၎င်းက ပြောသည်။

မတ်လ ၂၃ရက်နေ့မှ ယနေ့ မတ်လ ၂၉ရက်နေ့အထိ တိုင်ကြားစားပေါင်း ရဝနီးပါးခန့်ရောက်ရှိနေကာ တိုင်ကြားစာအများစုမှာ COVID-19 ‌ရောဂါ ကာကွယ်ရေးပစ္စည်းဖြစ်သည့် mask၊ လက်သန့်ဆေးရည်နှင့် အရက်ပြန်တို့အား ဈေးမတန်တဆရောင်းချနေခြင်း ဖြစ်သည်။

"ဆန်ဈေးနှုန်းတက်တာတွေလည်းပါတယ်။ ဆန်နဲ့ပတ်သက်လို့ တိုင်တာတော့ ပါတော့ပါတယ်။  အရေအတွက်တော့ နည်းတယ်။ အဓိကတိုင်ကြားတာတွေကတော့ ဒီ ဆေးဆိုင်တွေကနေပြီးတော့ အရက်ပြန်တွေ hand gelတွေ နှာခေါင်းစည်းတွေ အဲ့ဒါတွေကို ဈေးတင်ရောင်းချနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ တိုင်ကြားတာတွေ များပါတယ်"ဟု  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ ဥက္ကဌ ဦးဗအုပ်ခိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၉ရက်နေ့ မနက်အထိ COVID-19ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၈ဦးအထိရှိပြီဖြစ်သည်။

Most read this week

လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...
The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...