အစိုးရဝန်ထမ်းများ လုပ်ငန်းခွင် အလုပ်လုပ်မှု ထက်ဝက် လျှော့ချ

အစိုးရဝန်ထမ်းများ လုပ်ငန်းခွင် အလုပ်လုပ်မှု ထက်ဝက် လျှော့ချ
လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ အစိုးရဝန်ထမ်းများ နေပြည်တော်ရှိ ၎င်းတို့၏ ဌာနသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာစဉ်။ (ဓာတ်ပုံ - အီးပီအေ)
လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ အစိုးရဝန်ထမ်းများ နေပြည်တော်ရှိ ၎င်းတို့၏ ဌာနသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ချမ်းငြိမ်း — နိုင်ငံတစ်ဝန်း အစိုးရဝန်ထမ်းများကို ထက်ဝက် လျှော့ချ အလုပ်လုပ်စနစ်ပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်တစ်ရပ် မတ်၂၅ က ထုတ်ပြန်ခဲ့သည်။

ညွှန်ကြားချက်အရ ကျန်အနားရသည့် ဝန်ထမ်း ၅၀ရာခိုင်နှုန်းသည် မိမိတို့၏ ဝန်ထမ်းအိမ်ရာ၊ အဆောင်နှင့်နေအိမ် စသည့်နေရာ များတွင် တာဝန်ချိန်အဖြစ်သတ်မှတ်ကာ မပျက်မကွက် နေထိုင်သွားရန်နှင့် လိုအပ်ချက်အရ ခေါ်ယူပါက  ရုံးသို့ မပျက်မကွက်လာရောက် တာဝန် ထမ်းဆောင်ကြရန်လည်း ပါရှိသည်။

အလှည့်ကျ ရုံးတွင် အလုပ်လုပ်နှင့် အိမ်တွင် အသင့်စောင့်ဆိုင်းစနစ်ကို သက်ဆိုင်ရာဌာနအလိုက် စီမံခွင့်ပြုထားသည်.

“ကျွန်တော်တို့ရုံးကတော့ ဒီနေ့စပြီးတော့ ဆောင်ရွက်နေပါပြီ။ ဘယ်တော့အထိလုပ်မလဲဆိုတာကတော့ နောက်ထုတ်ပြန်ချက်မထွက်မချင်းပေါ့” ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က မဇ္ဈိမ သို့ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဂယက်ကြောင့် လက်ရှိတွင် ပုဂ္ဂလိကလုပ်ငန်းအချို့၊ သတင်းမီဒီယာလုပ်ငန်း အချို့တွင်လည်း နေအိမ်တွင် အလုပ်လုပ်ခြင်း(Work from Home) ပြုလုပ်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းလျော့ချကာ ဆောင်ရွက်နေကြမှုများ ပိုတိုးလာခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် အင်္ဂလန်နိုင်ငံမှပြန်လာသူ နှစ်ဦးနှင့် အမေရိကန်နိုင်ငံမှ ပြန်လာသူ တစ်ဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ပိုးတွေ့ရှိထားသည်။

Most read this week

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...
The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...