ထူဒူငံသ တိုးချဲ့ကြေးရွာရှိ မြေအငြင်းပွားမှုနေရာမှာ မိမိတို့ကို တပ်မတော်အစိုးရလက်ထပ်က ပေးအပ်သော မြေနေရာဖြစ်ကြောင်း နဂါးအဖွဲ့ဆို

ထူဒူငံသ တိုးချဲ့ကြေးရွာရှိ မြေအငြင်းပွားမှုနေရာမှာ မိမိတို့ကို တပ်မတော်အစိုးရလက်ထပ်က ပေးအပ်သော မြေနေရာဖြစ်ကြောင်း နဂါးအဖွဲ့ဆို
by -
ကန္တရဝတီ
လွိုင်ကော်မြို့နယ် ထူဒူငံသ တိုးချဲ့ ကျေးရွာတွင် ဒေသခံနှင့် ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (နဂါးအဖွဲ့)တို့ အကြား ဖြစ်ပွားခဲ့သော မြေအငြင်းပွားမှုတွင် ၎င်းမြေနေရာမှာ တပ်မတော်အစိုးရက မိမိတို့ကို ပေးအပ်ခဲ့သည့်မြေနေရာဖြစ်ကြောင်း နဂါး အဖွဲ့က ကန္တာရဝတီတို်င်း(မ်) ပြောဆိုလိုက်သည်။

“အဲဒီနေရာမှ အိမ်တစ်လုံးမှမရှိသေးဘူး အဲနေရာကလည်းနိုင်ငံတော်မှာ အဖွဲ့အစည်းကိုပေးထားတဲ့မြေဧရိယာဖြစ်တယ်။ ဒါပေမယ့်ကျနော်တို့နေပြီးတော့ ဒီနေရာတရားဝင်ဖြစ်ဖို့ဆိုလည်း ကျနော်တို့ မြို ့နယ်အုပ်ချုပ်ရေးမှူးဆီမှာ သွားပြီးတော့ ၁၉၉၆၊၉၇ တုန်းက အဖွဲ့အစည်းကိုပေးထားတဲ့မြေရဲ ့အမှတ်အတမ်းကို သွားပြန်ရှာတယ်။ သူတို့ပေးတဲ့ချိန်လည်း နုတ်မိန့်နဲ့ပဲ ပေးခဲ့တယ်။” ဟု နဂါး အဖွဲ့အစည်းမြေ ကိစ္စတရာဝင်ဖြစ်ဖို့ လိုက်လံဆောင်ရွက်ပေးခဲ့သည့် ဆရာယောဟန်ကပြောပါသည်။

၁၉၉၆ ခုနှစ်က တပ်မတော်အစိုးရ မှ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြေဧက ၄၃.၅ ဧကရှိကြောင်းဆိုသည်။ ၎င်း မြေနေရာကို နဂါးအဖွဲ့မှ လယ်၊ယာမြေကို အခြားအသုံးပြုခွင့် ပုံစံ (၁၀၅) လျောက်ထားပြီး ၂၀၁၅ခုနှစ်တွင် တရားဝင်မှတ်ပုံတင်ထားပြီးဖြစ်သည်ဟု ဆိုပါသည်။

ထို့ကြောင့် လက်ရှိနေထိုင်သူ ဒေါ်နော်မူအေးတို့မိသားစုကို ပြောင်းရွေ့ပေးရေးနှင့် အပ်နှံရန် အပ်ဝရန်းဖြင့် ၂ ကြိမ်သွားရောက် တွေ့ဆုံရာ ဒေါ်နော်မူအေးတို့ဘက်မှ ပြောင်းရွေ့မပေးပဲ ဆန္ဒထုတ်ဖော်မှုဖြင့် တုန့်ပြန်ခဲ့သည်။

“အဲဒီမြေက တစ်သက်လုံး ပြောင်းဖူးစိုက်လို်က် မြေပဲစို်က်လိုက်အဲလိုပဲ လှည့်နေရတယ်။ အဲဒီမြေက ကျနေ်ာတို့လုပ်စားတာ နှစ် ၄၀ ရှိသွားပြီ။ ဟိုအဖေနဲ့လက်တွဲပြီး အတူတူလုပ်တယ် လုပ်လုပ်ရင်းနဲ့ အဖေဆုံးသွားတာ ၈ နှစ်ကျော်လောက်ရှိပြီ။ ဒါကြောင့်အဖေက ကျနော်တို့ကို အမွှေခွဲပေးတာဖြစ်တယ်။” ဟု ဒေါ်နော်မူအေး၏အစ်ကို ဖြစ်သူ ဦးရဲလေက ဆိုသည်။

လက်ရှိမြေနေရာမှာ နေထိုင်သူများဖြစ်သည့် ဒေါ်နော်မူအေးတို့မိသားစုဘက်ကတော့ မိမိတို့ပိုင်မြေနေရာဖြစ်သည့်အတွက်ကြောင့် ၎င်းမြေနေရာကနေဖယ်ခွာပေးမည်မဟုတ်ကြောင်း ပြောသည်။

“ပုံစံ ၁၀၅ ပြောတယ် ဒီရွာမှာနေလာတာ တစ်သက်လုံးက ပုံစံ ၁၀၅ လည်းမရှိဘူး ၁၀၆ လည်းမရှိဘူး။ နှစ်ပေါင်း ၅၀ ပြည့်တော့မယ်။ သူတို့ဘာဖြစ်လို့့ရလဲ အဲဒါကျမတို့သိချင်တယ်။” ဟုဒေါ်နော်မူအေးကပြောသည်။

လက်ရှိမှာ နဂါး အဖွဲ့မှ လယ်၊ယာမြေ ကိုတခြားအသုံးပြုမှု ပုံစံ တရားဝင်ရှိထားပြီး ဖြစ်သည့်အပြင် ၎င်းမြေနေရာအတွက် ၂၀၁၅ ခုနှစ်က တရားရုံးတွင် တရားရင်ဆိုင်ခဲ့ပြီး အနိုင်ရရှိထားသည်။

ဒေါ်နော်မူအေး၏အဆိုအရ ယခင် ၂၀၁၃ ခုနှစ် နဂါးအဖွဲ့ မှ လယ်ယာမြေကို အခြားအသုံးပြုမှု ပုံစံ ကို လျှေက်ထားစဉ်တွင် ၎င်းတို့မှ မြေစာရင်းရုံးသို့ ကန့်ကွက်စာပေးပို့ခဲ့သော်လည်း အကြောင်းမထူးခဲ့ကြောင်းဆိုသည်။

“တစ်လအလွန်မှာ ကန့်ကွက်တဲ့သူရှိရင် လာပြီးကန့်ကွက်ပေးပါပြောတော့ ကျမတို့လာပြီးကန့်ကွက်တာပေါ့နော်။ ၂၀၁၃၊ ၆လပိုင်းမှာ အခြားနည်းသုံးဖို့ ကန့်ကွက်ထားတင်ထားတယ်။ ၂၀၁၃ ၊ ရလပိုင်းမှာ ကျမတို့ကန့်ကွက်ထားလိုက်တယ်။ အဲချိန်မှာ သူတို့လျှောက်တာက ၄၃.၀ဧက ဒါပေမယ့် ကျမသိသလောက်က ကျမတို့ခြံအကုန်လုံးပါယူသွားတယ်။” ဟု ဒေါ်နော်မူအေးကဆိုသည်။

“ကျနော်တို့က တော့ ဥပဒေတိုင်းပဲ ကျနော်တို့သွားမှာ။ အခုကကျနော်တို့အပ်ဝရမ်း ရပြီးဆိုတော့ အပ်ဝရမ်းနဲ့ဆက်သွားမှာပဲ။ အပ်ဝရမ်းထဲမှာပါတဲ့အတိုင်းတော့ ကျနော်တို့ဆက်ရင်ဆိုင်ရမှာပဲ။

အပ်ဝရမ်းထဲမှာ ပါတဲ့ဥပဒေအရကတော့ ဒီလာရောက်ကျူကျော်ခြင်းက မဖယ်ဘူးဆိုရင်တော့ နောက်ဆုံး ဖမ်းပိုင်ခွင့်ရှိတယ်။ ဖမ်းတဲ့အဆင့်ပါသွားမယ်ပေါ့။” ဟု ဆရာယောဟန်ကဆိုသည်။

လက်ရှိ ထူဒူငံသတိုးချဲ့ရပ်ကွက်အတွင်း နဂါးအဖွဲ့နှင့် မြေအငြင်းပွားမှု ဖြစ်နေသူ ဒေသခံ ၅ ဦးရှိပြီး ၂ဦးမှာ တရားရင်ဆိုင်ထားရာတွင် ရှုံးနိပ်ထားကြောင်းသိရသည်။

၎င်းကိစ္စရပ်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလက ထူဒူငံသရွာတွင် ခြံဝင်းတွင်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြသည်။

နဂါးအဖွဲ့သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှခွဲထွက်ခဲ့သည့်အဖွဲ့ဖြစ်ပြီး စစ်အစိုးရက ၎င်းတို့အဖွဲ့ကို ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းခိုင်းပါသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...