အရပ်ဘက်အဖွဲ့အစည်းများအကြိုဖိုရမ်သို့ တက်မတက် ကယားပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများ ယခုလ ၁၉ ရက်တွင် ဆုံးဖြတ်မည်

အရပ်ဘက်အဖွဲ့အစည်းများအကြိုဖိုရမ်သို့ တက်မတက် ကယားပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများ ယခုလ ၁၉ ရက်တွင် ဆုံးဖြတ်မည်
by -
ကန္တရဝတီ
တောင်ကြီးတွင် ပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းအကြိုဖိုရမ်သို့ ကယားပြည် နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများ (CSOs) တက်၊မတက်ကိုမူ ဖေဖော်ဝါရီလ (၁၉)ရက်တွင် ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း ကယားပြည်နယ်အခြေစိုက် Lain နည်းပညာအထောက်အကူပြုဘုတ်အဖွဲ့ဝင် ကိုကျော်ထင်အောင်က ကယးပြည်နယ်ဒေသအရပ်ဘက်အဖွဲ့အစည်းများကိုယ်စား ပြောသည်။

ထို့အပြင် ကယားပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် နေပြည်တော်တွင် ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်တွင် ပြုလုပ်မည့် ပထမအကြိမ် CSOs ဖိုရမ်သို့ တက်ရောက်မည်မဟုတ်ကြောင်း ၄င်းက ဆိုသည်။

“ ၁၉ရက်နေ့အစည်းအဝေးမှာပဲ တစ်ခါတည်း လူကိုယ်စားပြုမှုနဲ့ အဖွဲ့ကိုယ်စားပြုမယ့် လူတွေ တစ်ဖွဲ့တစ်ဦးစီလောက်ကို ရွေးချယ်ရမှာဖြစ်တယ်။ မသွားဖို့ကို အားလုံးဆုံးဖြတ်တယ်ဆိုရင်လည်း အဲ့ဒီမှာမသွားတော့ဘူးပေါ့ ”ဟု ၄င်း ကပြောသည်။

ကယားပြည်နယ်ရှိအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ပထမအကြိမ်ပြုလုပ်မည့် CSOs ဖိုရမ်သို့ တက်ရောက်ရန် အဆင်သင့်မဖြစ်သေးသည့်အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)မှ အရပ်ဘက်အဖွဲ့အစည်းများ သို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနှင့် ပတ်သက်သည့် ချမှတ်ထားသော အကြောင်းအရာလိုက်ဆွေးနွေးပွဲ ခေါင်းစဉ်များအတွက်လည်း ဆွေးနွေးထားခြင်းမရှိသေးပေ။

တောင်ကြီးတွင်ပြုလုပ်မည့် အကြိုဖိုရမ်သို့ မြန်မာနိုင်ငံအနှံ့အပြားမှ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များတက်ရောက်မည်ဟု မြန်မာနိုင်ငံCSOsဖိုရမ်ဖြစ်မြောက်ရေးကော်မတီ ဦးဆောင်သူ ကိုသွင်လင်းအောင်ကပြောသည်။

တစ်နိုင်ငံလုံဆိုင်ရာ CSOs အကြိုဖိုရမ်ကို တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ (၂၂) မှ (၂၃) ရက်နေ့အထိ အရပ်ဘက်အဖွဲ့အစည်းများမှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ CSOsဖိုရမ်ကို ဖေဖော်ဝါရီလ (၂၄-၂၅) ရက်နေ့တွင် နေပြည် တော်၌ UPDJC မှ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးရှိ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် CSOs အကြိုဖိုရမ်သို့ တက်ရောက်ရန် အဆင်သင့်ဖြစ်နေပြီး ကိုယ်စားလှယ် ၃၃ ဦးရွေးချယ်ထားပြီးဖြစ်ကြောင်းလည်း ထားဝယ်အမျိုးသမီးသမဂ္ဂ( မြန်မာနိင်ငံ CSOs ဖိုရမ်ဖြစ်မြောက်ရေးဗဟိုကော်မတီဝင်) တစ်ဦးဖြစ်သူ မစုစုဆွေက ပြောပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ ဆွေးနွေးခွင့်ရှိသည့် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်အကြိုဆွေးနွေးပွဲများကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လည်းကောင််း၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ် မူဆယ်မြို့၊နမ့်ခမ်းမြို့၊တောင်ကြီးမြို့၊ကွက်ခိုင်မြို့တို့တွင် ရှမ်းတိုင်းရင်းသားလူမျိုးများ၏ လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြိုကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...