လူနာများကို အဆင့်မြင့် ကုသရေးဝန်ဆောင်မှုပေးနိုင်တော့မည်

လူနာများကို အဆင့်မြင့် ကုသရေးဝန်ဆောင်မှုပေးနိုင်တော့မည်
by -
ကန္တရဝတီ
ဂျပန်နိုင်ငံအစိုးရ၏ ထောက်ပံံ့ကူညီငွေဖြင့် တည်ဆောက်ခဲ့သော တိုးချဲ့ဆေးရုံ အဆောက်အဦး သစ်နှင့်အတူ အဆင့်မြှင့်ဆေးဝါးသုံးပစ္စည်းများကို အသုံးပြုပြီး လူနာများကို ကုသရေးဝန်ဆောင်မှုများ ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံအဆောက်အဦးသစ်တွင် ဓါတ်မှန်နှင့် ပုံရိပ်ဖေါ်ဌာန၊ ရောဂါရှာဖွေရေး ဓါတ်ခွဲဌာန၊ ခွဲစိတ်ခန်းများ၊ သားဖွားခန်း၊ ပြင်ပလူနာနှင့် အရေးပေါ်လူနာဌာန၊ မျက်စိ၊ နား၊ နှာခေါင်းဌာနများပါဝင်မည်ဖြစ်ကာ မူလအပြင်အဆင် အသုံးအဆောင်ထက် အဆင့်မြှင့်တင်ထားခြင်း ဖြစ်သည်။

ယင်းအကူအညီ၌ ဆေးရုံအဆောက်အဦးသစ်များ၌ ဆိုင်ရာဌာနစိတ်အလိုက် ခေတ်မှီစက်ပစ္စည်းများဖြင့် အဆင့်မြှင့်တင်ခြင်းအပါအဝင် အဆင့်မီ ခွဲစိတ်ကိရိယာများ၊ လူနာပြုစုကုသမှုပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ကူညီခြင်းများ ပါဝင်သည်။

ဂျပန်နိုင်ငံ၏ အကူအညီ ယန်းငွေ သန်းပေါင်း ၁၉၀၀ ကျော်ဖြင့် အသုံးပြုထားသော ယင်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၁၅ ဖေဖေါ်ဝါရီလတွင် စတင်အကောင်အထည်ဖေါ်ခဲ့ပြီး နှစ်နှစ်စီမံကိန်းအဖြစ် တည်ဆောက်ခဲ့ကာ ၂၀၁၇ ဖေဖေါ်ဝါရီ ၈ ရက်နေ့တွင် အစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ပိုကောင်းသွားတာပေါ့ ဆေးရုံးထဲကို ဝင်ကြည့်လိုက်တာနဲ့ ဘာပဲဖြစ်ဖြစ် လူနာတွေ နေရတာ အဆင်ပိုပြေသွားတာပေါ့၊”ဟု ပြည်နယ်ကုသရေးဦးစီဌာနမှူး လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

ကုတင် (၅၀၀)ဆံ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ပြည်နယ်အတွင်းရှိလူနာများသာမက ပြည်နယ်နယ်နမိတ်နှင့်ထိစပ်လျှက်ရှိသော ဒေသများမှပါ လာရောက်ကုသမှုခံယူခဲ့ကာ ၂၀၁၆ ခုနှစ်အတွင်း အတွင်းလူနာ ၁၅၀၀၀ ဦးနှင့် ပြင်ပလူနာ ၆၀၀၀၀ ဦးခန့်တို့အား ကျန်းမာရေးဝန်ဆောင်မှုများ ပေးခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံကို အထောက်အပံ့အကူအညီ၊ ချေးငွေအကူအညီနှင့် နည်းပညာဆိုင်ရာအကူအညီဟူ၍ အကူအညီ အမျိုးအစားသုံးမျိုးပေးနေခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံအစိုးရကို ဂျပန်ယန်း ၈၀၀ ဘီလီယံကူညီရန် သဘောတူညီထားသည်။

ပြည်နယ်ပြည်သူ့ဆေးရုံကြီး(လွိုင်ကော်ပြည်သူ့ဆေးရုံကြီး) အဆင့်မြှင့်တင်ရေးစီမံကိန်းအဖြစ် ဆေးရုံးအဆောက်အဦးသစ်နှင့် ဆေးရုံးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဖေဖေါ်ဝါရီ ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို ကယားပြည်နယ်ဝန်ကြီးချုပ်၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအရာရှိနှင့် အဆိုပါစီမံကိန်းအား အကောင်အထည်ဖေါ်ဆောင်ရွက်သော JICA (မြန်မာ)၏ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...