လားရှိုးမြို့နှင့် ပြင်ဦးလွင်မြို့သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်မည်

လားရှိုးမြို့နှင့် ပြင်ဦးလွင်မြို့သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်မည်
ပုံ - အတိုင်ပင်ခံရုံး (fb) ကရင်ပြည်နယ်၊မြဝတီမြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်က အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ်။
ပုံ - အတိုင်ပင်ခံရုံး (fb) ကရင်ပြည်နယ်၊မြဝတီမြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်က အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ်။

မေရည်ငြိမ်းချမ်း — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၈ ရက်နောက်ပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့သို့ ရဟတ်ယာဉ် ဖြင့် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လားရှိုးမြို့နှင့် ပြင်ဦးလွင်မြို့သို့ သွားရောက်မည့် ခရီးစဉ် နှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဥက္ကဋ္ဌ ဦးစိုင်းမြင့် မောင်က အတည်ပြု ပြောသည်။

 “မတ်လ ၈ ရက် နောက်ပိုင်း လာမယ်လို့ သိရတယ်၊ လာတာက ဆေးရုံဖွင့်ပွဲကိုလာမှာ။ ဂျပန်က လှူတဲ့ဆေးရုံ လားရှိုး- ရှမ်းပြည်မြောက်ပိုင်း ဆေးရုံကြီး ဖွင့်ပွဲအတွက် လာဖွင့်ပေးမှာပါ” ဟု ၎င်းက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လားရှိုးမြို့သို့ မတ်လ ၈ ရက်နေ့ နောက်ပိုင်းလာရောက် မည် ဖြစ်ပြီး ၉ ရက် သို့မဟုတ် ၁၀ ရက်နေ့ မည်သည့် ရက်တွင် ရောက်ရှိမည်ကိုတော့ အတည်မပြုနိုင်သေး ကြောင်း၊ သို့သော် ပြင်ဦးလွင်မြို့နှင့် လားရှိုးမြို့သို့ တစ်ရက်တည်းမှာပဲ လာရောက်မည်ဖြစ်ကြောင်း ဦးစိုင်းမြင့်မောင်က ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ Japan Internation- al Cooperation Agency (JICA)မှ လာရောက်လှူဒါန်းသည့် ဆေးရုံကို ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် လားရှိုးမြို့တော်ခန်းမ၌ ပြည်သူလူထုနှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း၊ လက်ရှိမှာတော့ လားရှိုးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက အခမ်းအနားအတွက် စီစဉ်ဆောင်ရွက်နေကြောင်း ဦးစိုင်းမြင့်မောင်က ဆိုသည်။

လူထုတွေ့ဆုံပွဲပြီးနောက် လားရှိုးမြို့မှ တဆင့် ပြင်ဦးလွင်မြို့သို့ သွားရောက်ကာ ပြင်ဦးလွင်မြို့ရှိ ပြည်သူလူထုနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းဘိုးအောင်က “ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား နယ်မြေတွေကို နင်းပြီးတော့ ကြိုတင်မဲဆွယ်စည်းရုံးရေး ဆင်းနေတယ်လို့မြင်တယ်။ နောက်တစ်ချက်က ပါတီက စကားမှားထားတာရှိတယ်။ ဘယ်ပါတီ၊ ဘယ်တိုင်းရင်းသား၊ ဘယ်အဖွဲ့နဲ့မှ မဟာမိတ်အဖြစ် ပူးပေါင်းထားတာ မရှိဘူးဆိုပြီး ပြောထားတာလည်း ရှိတော့၊ အဲ့ဒီစကားကိုများ ဒီဟာ ဖြေလျှော့ဖို့ အတွက် တိုင်းရင်းသား ဒေသတွေကို ခရီးတွေ ပတ်သွားနေသလားလို့ မြင်တယ်။ နောက်ပင်လုံကိစ္စတွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရယ် နောက် တိုင်းရင်သားတွေရယ် ပေါင်းစည်းဖို့ လုပ်နေတဲ့ အနေအထားလို့ မြင်တယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ်ဆန်းပိုင်းအတွင်း နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ အနေဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ကယားပြည်နယ် လွိုင်ကော်၊

စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်း၊ ပင်လယ်ဘူး၊ လေရှီး၊ ဗန်းမောက်၊ တမူး၊ ချင်းပြည်နယ် တွန်းဇံ၊ ထန်တလန်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကော့ ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲ့၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နှင့် တောင်ကြီးမြို့ စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက် ထားသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...