TNLA ဖမ်းဆီးထားသည့် ဝါလုရွာသား ငါးဦးကို တစ်ဦးလျှင် ၁၅ သိန်းပေး ရွေးခဲ့ရဟုဆို

TNLA ဖမ်းဆီးထားသည့် ဝါလုရွာသား ငါးဦးကို တစ်ဦးလျှင် ၁၅ သိန်းပေး ရွေးခဲ့ရဟုဆို

စိုင်းဦး — ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)က ဖမ်းဆီးထားသည့် ဝါလုရွာက ခိုလုံလီရှော ငါးဦးကို တစ်ဦးလျှင် ကျပ် ၁၅ သိန်းပေး၍ ပြန်ရွေးခဲ့ရသည့်အတွက် ယခုအခါမှာတော့ ပြန်လွတ်လာပြီးဟု ခိုလုံလီရှော လူငယ် ပြန်ကြားရေးအဖွဲ့မှ သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသူ ငါးဦးကို တစ်ဦးလျှင် ကျပ် ၁၅ သိန်းနှင့် ပြန်ရွေးခဲ့ရခြင်းကြောင့် စုစုပေါင်း ကျပ် ၇၅ သိန်းပေးခဲ့ရပြီးနောက် ၂၀၂၀ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ညနေ ၃ နာရီတွင် ပြန်လွတ်ပေးခဲ့ကြောင်း ခိုလုံလီရှော လူငယ်ပြန်ကြားရေးအဖွဲ့မှ အမည်မဖော်လိုသည့် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 “မနေ့က ညနေ ၃ နာရီက ပြန်လွတ်လိုက်တယ်၊ တစ်ယောက်ကို ပိုက်ဆံ ၁၅ သိန်း ပေးလိုက်တယ်။ အားလုံး ၅ ယောက်ဆိုတော့ ၇၅ သိန်းပေးပြီး လွှတ်လာတယ်။ ပြန်ရွေးဖို့ငွေကို ရွာကလူတွေရော၊ ရပ်မိရပ်ဖတွေရော တက် နိုင်သလောက် စိုက်ကြတယ်၊ ချေးငှားပြီးတော့ ကူခဲ့ကြတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူ ၅ ဦးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ တာကွန့်ကျေးရွာအုပ်စု ဝါလုရွာသားများ ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က TNLA မှ ဘိန်းခြံ စိုက်ပျိုးသည်ဟုဆိုကာ ဖမ်းဆီးသွား သွားခြင်း ဖြစ်သည်။

ထို့နောက် မတ်လ ၅ ရက်မှာ တစ်ဦးလျှင် ၁၅ သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် ၇၅ သိန်းပေးကာ ပြန်ရွေးခဲ့ရသည့် အတွက် ပြန်လည် လွတ်မြောက်လာပြီး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြန်လွတ်လာသူ ၅ ဦးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် တာကွန့်ကျေးရွာအုပ်စု ဝါလုရွာသား ဦးအုတ်ရှီလင် (အသက် ၇၆ နှစ်)၊ ဦးကျင်ယိုးပေါင်း (အသက် ၇၄ နှစ်)၊ ဦးကျုံမင်ဖူ (အသက် ၄၁နှစ်)၊ ဒေါ်ကျင် လိုင်ရွှင် (အသက် ၃၁ နှစ်)နှင့် အသက်အန္တရာယ် စိုးရိမ်သည့်အတွက် အမည်မဖော်လိုသူ တစ်ဦးတို့ ဖြစ် ကြောင်း ခိုလုံလီရှောလူငယ်အဖွဲ့က ပြောသည်။

TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က  “သူတို့ရဲ့ ဘိန်းခင်းတွေကို သူတို့တွေကို ပြန်ဖျက်ဆီးခိုင်းလိုက်ပြီးတော့ ထိုက်သင့် ပြစ်ဒဏ်ပေးပြီးတော့ ပြန်လွတ်ပေးလိုက်တယ်” ဟု ဆိုသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်လာပါက ၎င်းတို့၏ မူးယစ်တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း၊ တွေ့ရှိပါက ဖမ်းဆီးကာ ပြစ်ဒဏ်များ ပေးလေ့ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။

TNLA မှ ဖမ်းဆီးသွားသည့် ခိုလုံလီရှော ၅ ဦးသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်ခြင်းမရှိဘဲ အကယ်၍ မူးယစ် ဆေးဝါးနှင့် ပတ်သက်လာလျှင်မှု ဥပဒေလမ်းကြောင်းရှိပြီး ၎င်းတို့၏ အနက်ရောင်ဥပဒေကို လက်မခံနိုင်ဟု ခိုလုံလီရှော တာဝန်ခံတစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါးနဲ့ မပတ်သက်ပါဘူး  တကယ်လို့ ပတ်သက်ခဲ့ရင်တောင်မှ ဥပဒေလမ်းကြောင်းရှိတယ်၊ ကျွန်မတို့ လက်မခံတဲ့ အနက်ရောင် ဥပဒေမျိုးတော့ လက်မခံဘူးပေါ့။ ဥပဒေလမ်းကြောင်းအတိုင်းပဲ သွားသင့်တယ်၊ မူးယစ် ဆေးဝါးနဲ့ပတ်သက်ရင်လည်း သူတို့နဲ့မဆိုင်ပါဘူး” ဟု ပြောသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ စသည့် မြို့နယ်များ အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်များတွင် လှုပ်ရှားလျက်ရှိသော ပလောင် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

လက်ရှိမှာလည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral) ထိုးနိုင်ရေး ဆွေးနွေး ညှိနှိုင်း လျက်ရှိနေသော အဖွဲ့လည်း ဖြစ်သည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...