ကွတ်ခိုင်တွင် ကျပ် ၃၈ ဘီလီယံ တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးစက်ရုံ ဖမ်းဆီးရမိဟု တပ်မတော် သတင်းထုတ်ပြန်

ကွတ်ခိုင်တွင် ကျပ် ၃၈ ဘီလီယံ တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးစက်ရုံ ဖမ်းဆီးရမိဟု တပ်မတော် သတင်းထုတ်ပြန်
တပ်မတော်သတင်းမှန်ပြန်ကြားရေး
တပ်မတော်သတင်းမှန်ပြန်ကြားရေး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအနီးတွင် ငွေကျပ် ၃၈ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်ရာတွင် သုံးစွဲသည့် ပစ္စည်းများနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ရက် ညနေ၆နာရီ တွင် ကောင်းခါးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံ နှစ်လုံးအတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဂတ်စ်မီးဖို ၁၅၈လုံး၊ ဓာတုဆေးရည်ဗူး ၄၁၀ဗူး၊ ငါးဂါ လန်ဆံ့ ဓာတုဆေးရည်ပုံး ၂၆၆ပုံး၊ ဓာတုဆေးရည်အိတ် ၈၇အိတ်၊ အက်ဆစ်များထည့် ထားသည့် ပေပေါ ၁၅လုံးနှင့် ဆေးပြားရိုက်စက် တစ်ခု၊ မူးယစ်ဆေးချက်လုပ်သည့် ဆက်စပ်ပစ္စည်းမျိုးစုံ တို့ကို ဖမ်းဆီးရမိကြောင်း သ တင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၉ရက် တွင်လည်း မြေကျင်းတူး၍ သိုဝှက်ထားသည့် အက်ဆစ်၅၀ဂါလန်ဆံ့ ပေပါ ၂၈၁လုံး၊ WY တံဆိပ်နှင့် R တံဆိပ်ပါ စိတ်ကြွ ဆေးပြား စုစုပေါင်း ၁၆၄သိန်းနှင့် ဘိန်းဖြူ ၃၃၀၀၀ ဂရမ်တို့ကို သိမ်းဆည်း ရမိခဲ့သည်။



တပ်မတော်သတင်းမှန်ပြန်ကြားရေး

မတ်လ ၁ရက်တွင်လည်း စိတ်ကြွဆေးပြားစုစုပေါင်း ၁၅သိန်း ၄သောင်းကျော်၊  ဘိန်းဖြူ ဆပ်ပြာခွက် ၁၄၀ခွက်၊ ဆေးပြားရေတွက်စက်နှစ်လုံး၊ အမှုန့် ကြိတ်စက်တစ်လုံး၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်  အ ခြားသောပစ္စည်းများနှင့်အတူ  မော်တော်ယာဉ်များကိုလည်း ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မော်တော်ယာဉ်များ၊ ငွေကျပ်၃၈ဘီလီယံကျော်တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ၊ ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း နှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...