RCSS နှင့် တပ်မတော် တိုက်ပွဲကြောင့် ကျေးသီးမြို့နယ်ရှိ တိုက်ပွဲရှောင်များ နေရပ်မပြန်ရဲသေး

RCSS နှင့် တပ်မတော် တိုက်ပွဲကြောင့် ကျေးသီးမြို့နယ်ရှိ တိုက်ပွဲရှောင်များ နေရပ်မပြန်ရဲသေး
တပ်မတော်နှင့် RCSS တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသူများ
တပ်မတော်နှင့် RCSS တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသူများ

ဖူးအိအိနွယ် — ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အနီးတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် တပ်မတော်တို့ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့ နေ့လယ်အထိ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ကျေးသီးမြို့နယ် အတွင်း သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော တိုက်ပွဲရှောင်များ နေရပ်မပြန်ရဲသေးပဲ ဖြစ်နေကြောင်း ကျေးသီးမဲဆန္ဒနယ်မှ ရှမ်းပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမိဏ်းက မဇ္ဈိမသို့ ပြောသည်။

 “တိုက်ပွဲဖြစ်တဲ့နေရာက လွိုင်တွမ်းတောင်ဆိုတဲ့ တောင်ကြောကြီးက အရှေ့ဘက်အခြမ်းဆိုရင် ကျေးသီးမြို့နယ်ပေါ့၊ အနောက်ဘက်ခြမ်းဆိုရင် မိုင်းကိုင်မြို့နယ်ပေါ့နော်။ ကျေးသီးဘက်က အခြေအနေက ကျွန်တော်တို့ အခုပဲ စစ်ရှောင်တွေ နေတဲ့ နေရာဆီက ပြန်လာတာဗျ။ ကျွန်တော်တို့ ရောက်တုန်းကလည်း အဲ့မှာရှိတုန်းကလည်း လက်နက်ကြီးသံတော့ ကြားရတာပေါ့နော်။ နည်းနည်းလေး လှမ်းတော့ လက်နက်ငယ်သံတွေတော့ မကြားဘူး။ တစ်နာရီခြားဖြစ်ဖြစ် အဲ့လို အသံ တွေတော့ ထွက်နေတယ်ဗျ။ အခုလက်ရှိကတော့ မပြန်ရဲကြသေးဘူးဗျ။ အခြေအနေငြိမ်သွားမှ ပြန်မယ်လို့ ပြောကြပါ တယ်။ ရိက္ခာတွေ ကျတော့ ဘုန်းကြီးကျောင်းက ထောက်ပံ့တဲ့ အစားအသောက်နဲ့ပဲ နေနေကြတာပေါ့” ဟု ၎င်းက ပြော သည်။

ကျေးသီးမြို့နယ်၊ ဝမ်ချင်ကျေးရွာအုပ်စု၊ ဖတ်နမ်ရွာ၊ ဖတ်နမ်ဘုန်းကြီးကျောင်းတွင် တပ်မတော်နှင့် RCSS တို့ တိုက်ပွဲ ဖြစ်ပွားရာ နေရာအနီးမှ ကောင်းမူးရွာနှင့် နန်းလှရွှေက ဒေသခံ ၁ဝ၇ ဦး တိုက်ပွဲရှောင်ခဲ့ကြကြောင်း သိ ရ သည်။

အဆိုပါ တိုက်ပွဲရှောင် ၁၀၇ ဦးတွင် ၁၀ နှစ်ဝန်းကျင်ကလေး ၁၉ ဦး၊ ၁၈ နှစ်အောက်အရွယ် ၂၄ ဦး၊ ၁၈ နှစ်အထက် အမျိုး သား ၆ ဦး၊ အမျိုးသမီး ၅၈ ဦး ပါဝင်ကြောင်း ကျေးသီးမဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းစံမိဏ်း က ပြောသည်။

“တိုက်ပွဲ အမြန်ရပ်ဖို့ပဲ ပြောချင်ပါတယ်။ ပြည်သူလူထုတွေ ဒုက္ခရောက်တာပေါ့။ လက်နက်ကိုင်ပြီး တိုက်လာတာ နှစ်ပေါင်း ၇ဝ ကျော်အထိ အဖြေလည်း ရှာလို့မရပါဘူး။ ဆွေးနွေးညှိနှိုင်းမှုနဲ့ပဲ အဖြေရှာဖို့ သင့်တော်ပါတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသော လွိုင်တွမ်းတောင်ကြော အနီးရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် မိုင်းကိုင်မြို့နှင့် ကျေးသီးမြို့ များမှ ဘုန်းကြီးကျောင်းများတွင် တိုက်ပွဲရှောင်နေကြရာ မိုင်းကိုင်မြို့နယ်မှ ဘုန်းကြီးကျောင်း သုံး ကျောင်းတွင်လည်း တိုက်ပွဲရှောင် ပြည်သူများ ရှိနေသည်။

မိုင်းကိုင်မြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် ဖေဖော်ဝါရီလ ၂၉ ရက်ည၌ တိုက်ပွဲရှောင်ပြည်သူ ၅၀၀ နီးပါး ခိုလှုံခဲ့ပြီး  အများစုမှာ မတ်လ ၁ ရက်နေ့ မနက်ပိုင်းက နေရပ်ပြန်သွားကြပြီးဖြစ်ရာ လက်ရှိမှာတော့ အမျိုးသမီးနှင့် သက်ကြီးရွယ်အို တစ်ချို့သာ ကျန်ခဲ့ကြောင်း မိုင်းကိုင်မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က ပြောသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...